ဘဝမှာ အရေးတကြီး အမောတကော ရှာဖွေနေရတဲ့
ငွေဆိုတဲ့အရာကကော ကျွန်တော်တို့ကို ပျော်ရွှင်မှု အစစ်
ပေးစွမ်းနိုင်စွမ်းရှိလို့လား...?
အရေးကြီးလှပါတယ်ဆိုတဲ့ ငွေကြေးနောက်ကိုလိုက်ရင်
တခါတခါ ငါဟာ ငွေအတွက်မွေးဖွားလာတာလားလို့
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိ...
ဘဝမှာ ငွေထက်အရေးကြီးတဲ့အရာတွေ ၊ တန်ဖိုးရှိတဲ့အရာတွေ
အများကြီး ရှိနေသေးဆိုတာကို လူတော်တော်များများက
မေ့လျော့နေတက်ကြတယ်...
ငါ့အတွက်၊ ငါ့မိဘအတွက်၊ ငါ့မိသားစုအတွက်၊ ဆိုပြီး
အငမ်းမရ ရှာဖွေနေရတဲ့ ငွေ၊၊
ငွေဆိုတာ ကျွန်တော်တို့ မသေမချင်းရှာဖွေလို့ရတယ်
ဒါပေမဲ့....
ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေကတော့
ကိုယ် မသေမချင်း သူတို့က ရှိနေနိုင်မှာလား...?
တကယ်တော့ ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေက
မင်းပေးတဲ့ငွေထက် မင်းရင်ထဲက နွေးထွေးတဲ့ မေတ္တာတရားကို
ငက်မွတ်တောင့်တနေကြတယ်ဆိုရင်...
ပေးလိုက်ပါ...မင်းရဲ့ မေတ္တတရားတွေ
ပေးလိုက်ပါ...မင်းရဲ့ ဂရုစိုက်မှုတွေ
ပေးလိုက်ပါ...မင်းရဲ့ ချစ်ခြင်းတွေ
ပေးပြီးပြီဆိုရင်တော့ မင်းဟာ သူတို့ရဲ့အပြုံးတွေကို
ဖန်တီးပေးသူ ဖြစ်သွားပါပြီ......
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
MSC no.118