နောင်တ ခါးခါး
အပိုင်း ( ၁ ) ဖတ်ရန်>>>https://steemit.com/myanmar/@myanmarkoko/enangtkhakha
အပိုင်း ( ၂ )
" ဟေ့ယောင်းမရေ….”
“ ယာထဲသွားရအောင်ဟေ့”
ရီမွန်တို့ လုံမပျိုလေးများတစ်သိုက်က ယာခင်းထဲအလုပ်သွားဖို့ ခေါ်လိုက်ခြင်းဖြစ်သည်။
အေးမြတ်ဖြူလည်း အတွေးထဲမျှောနေရာမှ အသိဝင်လာသည်။ ထိုနောက်တွေးလက်စအတွေးကိုဖြတ်ကာ ခပ်သုတ်သုတ် ထမင်းချိုင့်ဆွဲကာ အိမ်မှထွက်လာခဲ့တော့သည်။
ယာခင်းထဲသို့ရောက်ရန် နာရီဝက်လောက် လမ်းလျောက်သွားကြရသည်။ ရွာလမ်းဆိုတော့သိတဲ့အတိုင်း သဲတွေ၊ ဖုန်တွေ အပြည့်နှင့် လမ်းကျဉ်းလေးဖြစ်သည်။ ဒီလိုနဲ့ တိတ်ဆိတ်နေတဲ့ ရွာလမ်းလေးဟာ အေးမြတ်ဖြူ တို့ ရွာသမများရဲ့ အချင်းချင်းစနှောက်သံများ ၊ စပ်မိစပ်ရာ ထွေလာသောင်းပြောင်း စကားသံများဖြင့် ဖုံးလွမ်းလို့နေပါတော့သည်။
ထိုစဉ် ထောင့်ချိုးလမ်းတစ်နေရာအရောက်တွင် ဆိုင်ကယ်တစ်စီး ရုတ်တရက် ဘွားခနဲ ပေါ်လာသည်။ လမ်းအပြည့်နေရာယူကာ စကားတပြောပြောနှင့်လာနေကြသော အေးမြတ်ဖြူတို့ ရွာသမများမှာ ကမန်းကတန်း လမ်းဘေးဝဲယာ သို့ ရှောင်ကြသည်။ အေးမြတ်ဖြူကံဆိုးသည် ရှောင်လိုက်ချိန်မရ ဆိုင်ကယ်က တည့်တည့်ကြီးကို ၀င်တိုးလာတော့သည်။
“ အား…ခလွမ်း….”
အေးမြတ်ဖြူ လက်ထဲမှ ကိုင်ထားသော ထမင်းချိုင့် လွတ်ကျကာ လူလည်းဖုန်တောထဲ လှဲကြသွားတော့သည်။ ဆိုင်ကယ်သမားလည်း သူမှားမှန်းသိတာနဲ့ ချက်ချင်းလာရောက် အေးမြတ်ဖြူကို ထူပေးဖို့ လာသည်။
“ အို…. ကျွန်မကိုလွတ်ပါ၊ လာမထိနဲ့ ။ ရှင့်မျက်လုံးကန်းနေလား၊ လူတွေရှိနေတာ မမြင်ဘူးလား။ အကွေ့ဆိုလည်း ဟွန်းလေးဘာလေး တီးပါ့လား။ ဆိုင်ကယ်ကို ဒီလောက်အမြန်ကြီး မောင်းရအောင် ဒီလမ်းက ရှင့်အမေလင် ပိုင်တဲ့လမ်းမဟုတ်ဘူးရှင့် ။ အများသူငှာ သွားလာတဲ့လမ်း ဖြေးဖြေးမောင်းမှပေါ့ ”။
အေးမြတ်ဖြူ လှဲကျနေရာမှ ထထိုင်ပြီး ဆိုင်ကယ်သမားကို ရန်တွေ့လိုက်သည်။
“ တကယ်တောင်းပန်းပါတယ်ဗျာ…။ လမ်းကဖုန်တွေနဲ့ ဆိုတော့ ဆိုင်ကယ်ကို ထိန်းမနိုင်ဖြစ်သွားတာပါ၊ ဘယ်နား ထိခိုက်မိသွားသေးလဲ…။ ကျွန်တော်ထူပေးပါရစေ…။ ”
“ အို…။ နေပါရှင် ကျွန်မဟာ ကျွန်မထပါ့မယ်။ ”
“ အ “ ဆိုတဲ့အသံနဲ့အတူ ပြန်ထဖို့ကြိုးစားရင်း ခြေထောက်ကနာနေတာမို့ အေးမြတ်ဖြူ ပြန်လှဲကျသွားသည်။ ထိုအခါမှ ကြောင်ကြည့်နေကြသည့် ရီမွန်တို့ သူငယ်ချင်းများးက လာထူပေးကြသည်။ ရီမွန်က ဆိုင်ကယ်သမားကို ထပ်မံရန်တွေ့သည်။
“ ရှင်ကဘယ်ကလည်း ဒီရွာက မဟုတ်တာတော့သေချာတယ်။ ကိုယ့်မြေ ကိုယ့်နယ်မဟုတ်ပဲနဲ့ ဆိုင်ကယ်ကို ဘာလို့ ဒီလောက်အမြန်မောင်းရတာလဲ…။ ”
“ တကယ်တောင်းပန်ပါတယ်ဗျာ ၊ ကျွန်တော့် အမျိုးတစ်ယောက် အသည်းသန်ဖြစ်နေတယ်ဆိုလို့ စိတ်လောလောနဲ့ မောင်းလာတာမိတာပါ။ ကျွန်တော့်အမှားပါ။ ဒီအတွက်လည်းဖြစ်သမျှအားလုံး တာဝန်ယူပါ့မယ် ။ ကာယကံရှင် စိတ်ကျေနပ်အောင် ဆေးဖိုးဝါးခလည်း ပေးပါ့မယ်။ ”
အေးမြတ်ဖြူ ထိုဆိုင်ကယ်သမား ပြောစကားများကြား ပိုပြီးဒေါသထွက်သွားသည်။ အရာရာကို ငွေနဲ့ ဆုံးဖြတ်ပြီး ပြောနေတာ။ ပိုက်ဆံလိုချင်လို့ ဟန်ဆောင်နေတယ် ထင်နေလားမသိ။
“ ဒီမယ်…၊ ရှင်ဘာမှလုပ်ပေးစရာ မလိုဘူး။ ရှင့်ကို ငွေညစ်နေတယ်များထင်နေလား၊ ကျွန်မတို့က မရှိဆင်းရဲ သားတွေဆိုပေမဲ့ ထမင်းတစ်လုပ်ကို စိတ်သန့်သန့်နဲ့ပဲ စားတယ်ရှင့်။ ရှင့်လမ်းရှင်သွား၊ ကျွန်မကိုလည်း ဘာမှလုပ်ပေးစရာမလိုဘူး။ ”
“ ဟာ..အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး။ အခုကျွန်တော်အရေးကြီးကိစရှိနေလို့ ပြောမိတာပါ။ ဒီလိုဆိုရင်လည်း ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ဒါကျွန်တော့ရဲ့ လိပ်စာကဒ်ပါ။ တစ်ခုခုဆို ဆက်သွယ်လိုက်ပါ။ ”
သူ့ရဲ့လိပ်စာကဒ်ပေးပြီး ဆိုင်ကယ်သမားမှာ ကပျာကယာ ထွက်သွားလေတာ့သည်။
“ အေးမြတ် နင်ရရဲ့လား ပြန်ပြီးနားလိုက်ပါလား။ ငါတို့ ခြံရှင်ကို နင်ဆိုင်ကယ်တိုက်မိလို့ မလာနိုင်ဘူးလို့ ပြောလိုက်မယ်။ ”
“ ရပါတယ်အေ ၊ ငါလုပ်နိင်ပါသေးတယ်။ တော်ကြာ အိမ်ပြန်နားရင် အိမ်ကငမူးဒိုးလုံးက ဘာလို့ပြန်လာတာလဲ ဆိုပြီး ရစ်နေဦးမယ်။ ဒါနဲ့ နင်တို့တွေ နေ့လည်စာတော့ ငါ့ကိုမျှကျွေးကြဟာ ထမင်းချိုင့်မှောက်သွားပြီဟ ။ ”
“ ရပါတယ်အေးမြတ်ရယ်… ၊ ပြောနေစရာလိုလို့လား။ ငါတို့ကငယ်ပေါင်းတွေပဲဟာ ”
“ ကျေးဇူးပါဟာ ”
ညနေစောင်းနေရီသယောချိန် အလုပ်ကပြန်ရောက်ပြီး ခြေလက်သန့်စင်ကာ အိပ်ခန်းထဲတွင် အေးမြတ်ဖြူခနလှဲပြီး အနားယူလိုက်သည်။ ကြာကြာနားလို့လဲမဖြစ် ဒိုးလုံး ငမူးစားဖို့အတွက် ချက်ရပြုတ်ရဦးမည်။ ယခုမှ ခြေထောက်က နာလာသည်။ မနက်ခင်းက ဆိုက်ကယ်နဲ့ ခိုက်မိထားသော ဒဏ်ကြောင့်ဖြစ်မည်။ ခြေထောက်နာမှ သတိရသည်၊ ဟိုဆိုင်ကယ်သမားလိပ်စာကဒ်ကို ထုတ်ကြည့်မိသည်။
ပွဲစား ညွန့်မောင်။
ဖုန်း ။ …………….။
မိတီလာမြို့ ။
" မိန်းမရေ "…. .။ ငမူးဒိုးလုံးအသံဖြစ်သည်။ ဘာရစ်ဦးမလဲ မသိဘူး၊
"လာပြီမောင်ရေ…..။ မောင်ပြန်လာတာစောလှချည်လား ။ "
" အေ မင်းသတင်းကြားလို့စောစော ပြန်လာတာပဲ ။ ငါ့မိန်းမ မနက်ကဆိုင်ကယ်တိုက်မိတယ်ဆို။ "
( အာလေးလျှာလေးသံဖြင့် )
"ဟုတ်တယ်တော်ရေ….ဘာမှတော့မဖြစ်ပါဘူး။ ခြေထောက်နဲနဲ နာယုံလေးပါ။ "
"ဘာ…. ။ ခြေထောက်နာသွားတယ် ဟုတ်လား ။ ဒါနဲ့ ဆေးဖိုးမတောင်းလိုက်ဘူးလား။ "
"မတောင်းလိုက်ပါဘူး ။ လူကိုငွေညစ်မဲ့ရုပ်ကျနာပဲ ငွေစကားပဲပြောနေတာ။ အဲ့တာကြောင့် ။"
"ဘာ…. ဆေးဖိုးမတောင်းလိုက်ဘူး ဟုတ်လား ။ နင်တော်တော်အတဲ့ မိန်းမပဲ….။ ငါက ညနေတော့ အရက်ဖိုးရပြီဆိုပြီး စောစောပြန်လာတာ။ အခုဘယ်မလဲ အရက်ဖိုး ။ "
"ဘာ…!!!.ရှင်က ကိုယ့်မိန်းမ ဘယ်နားဒဏ်ရာ ရသွားလဲ မေးဖော်မရဘူး အရက်ဖိုးကျ တောင်းတက်တယ်။ ရှင်မှာ လူစိတ်ကောရှိသေးရဲ့လား"…..။ ဒေါသထွက်ထွက်နှင့် အေးမြတ်ဖြူ ပြန်ပြောလိုက်သည်။
"ဒီမိန်းမတော်တော်လျာရှည်တယ် ပေးစမ်း အရက်ဖိုး ။ နှစ်ခါမပြောဘူးနော် ၊ ငါစကားအများကြီးမပြောတက်တာ နင်သိသားနဲ့ ။"
"မပေးနိုင်ဘူး။ အဲ့တော့ရှင်ဘာလုပ်ချင်လို့လဲ အလကားအရက်သမား ခွေးမသောက်တဲ့ အရည်တွေသောက်ပြီး လူကိုလာကိုက်နေတယ် "
"ဘာ …. မင်းငါ့ကို ခွေးလို့ပြောလိုက်တာပေါ့လေ။"
"ဗျန်း"….. အေးမြတ်ဖြူမျက်နှာကို ပြောပြောဆိုဆိုနှင့် ငဒိုးအားရပါးရလွဲရိုက်ပစ်လိုက်သည်။
"ရှင်ကျွန်မကိုရိုက်တယ်"….
"ရိုက်တယ်ကွာ ဘာဖြစ်ချင်လဲ" ။ ပြောပြောဆိုဆိုနဲ့ အနားက ဒုတ်ချောင်းကောက်ပြီး ရိုက်မယ်အလုပ်
အိမ်နားက ဦးမောင်တိုးကလာပြီး ဒိုးလုံးကိုဆွဲသည်။
"ငဒိုး လွန်မယ် တော်တော့။ အေးမြတ် နင်လည်းသွား တစ်ခြားတစ်နေရာသွားတော့။"
ဦးမောင်တိုးရောက်လာလို့သာ နို့မိုဆို ဒိုးလုံးက လူစိတ်ပျောက်ပြီး သေအောင်ရိုက်မယ့်သဘောရှိသည်။ အေးမြတ်လည်း သူငယ်ချင်း ရီမွန်တို့အိမ်ဘက်ကို ထွက်လာခဲ့လေသည်။ နှုတ်ခမ်းကို ကိုက်ရင်း ထွက်ကျလာသော မျက်ရည်များကို သုတ်လိုက်သည်။ ပါးနာတာထက် စိတ်နာမိသည်ဆိုလျင် ပိုမှန်ပါလိမ့်မည်။
အပိုင်း ၃ ဆက်ရန်......>>>>
မှက်ချက် ။
- စိတ်ကူးသက်သက် ရေးသားထားခြင်းဖြစ်ပါသည်။ စာရေးဆရာ မဟုတ်လို့ အရေးသားညံ့ရင် နားလည်ပေးကြပါဗျာ 😁
ဖတ်ရှူပေးလို့အားလုံးကို ကျေးဇူးပါ
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
MSC no. 118