ဒီနှစ်နွေ

ဒီနှစ်နွေ... 24 march 2010 နွေရာသီ ရောက်လာပေပြီ ။ ရွက်ဟောင်းတို့ကြွေချိန်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခွင်တွင်လည်း အဝါရောင် ညိုညစ်ညစ်တန်းစပြုလာလေပြီ။ ဆောင်းလက်ကျန် နှင်းမှုန်ကလေးများကား နောက်ဆုံးအနေဖြင့် နှုတ်ဆက်သ...

5 years ago, comments: 4, votes: 6, reward: $0.20

ဒီနှစ်နွေ...

24 march 2010

နွေရာသီ ရောက်လာပေပြီ ။ ရွက်ဟောင်းတို့ကြွေချိန်ဖြစ်၍
ပတ်ဝန်းကျင်တစ်ခွင်တွင်လည်း အဝါရောင် ညိုညစ်ညစ်တန်းစပြုလာလေပြီ။ ဆောင်းလက်ကျန် နှင်းမှုန်ကလေးများကား နောက်ဆုံးအနေဖြင့် နှုတ်ဆက်သယောင်၊
ပြုံးသယောင်ရှိနေသည်။ တိုက်ခက်လာသော လေထုထဲတွင် အအေးဓာတ်နှင့် အနွေးဓာတ် နှစ်မျိုးလုံးကို ခံစားရ၏။

1585105093811.jpg
Image source
https://images.app.goo.gl/cYLQsMHxDUkWknSk7

အော် နွေ... နွေ... နွေ....

တောတပန် မဟာထည်တို့တောင် မဆည်နိုင်မျက်ရည်စို့ရှာရလို့ ...
စာမှာဖွဲ့တဲ့ နွေမျိုး။

ဘယ်တုန်းကမှတ်ထားခဲ့မှန်း မသိသော ကဗျာစာသားလေးတစ်ချို့က
အတွေးထဲကိုဝင်ရောက်လာလေသည်။ ထိုအတွေးကို ဆက်လက်နယ်ချဲ့ရင်း....

ကဗျာဆရာတို့ကား နွေ၏အလှကို ကဗျာတွေ စာတွေဖွဲ့ကြရင်း နွေရာသီကို ဖြတ်သန်းကြ၏။

ကလေးသူငယ်များကား မြူးတူးခုန်ပေါက်ဆော့ကစားကာ နွေရာသီကျောင်းပိတ်ရက်ရှည်ကိုဖြတ်သန်းကြ၏

ချစ်သူရည်စား ချစ်ကျွမ်းဖော်များမှာမူ ဂျက်ဆင်ထွန်း သီချင်းထဲကလို -

မောင်မယ်ချစ်ဦးနှစ်ဖော် လက်တွဲကာ... ခေါ်.....

ဆိုသလိုပင် လက်ချင်းတွဲယှက်ကာ ဟိုဟိုသည်သည် လျောက်လယ်ကြကာ နွေ၏အပူကို ချစ်​ခြင်းမေတ္တာဖြင့် အေးမြစေ၏။

လူပျို၊ အပျိုလေးများ ကြပြန်တော့ နှစ်သစ်ကူး သကြန်ပွဲတော်မှာ
ရေကစားကြရင်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကျီစယ်ကြကာ နွေရာသီကို အမှတ်တရများဖြင့် ဖြတ်သန်းကြ၏။

ကျနော်သည် အတွေးများဖြင့် ခေတ္တ ကြည်နူးနေမိသည်။ သို့သော် ရုတ်တရက် ဝင်ရောက်လာသော အတွေးများက
သာယာကြည်နူးဖွယ်ကောင်းသော ကျနော်၏ အတွေးများကို ဘီးလူးဖီးဖီးကာ ဝါးမျိုးသွားလေတော့သည်။

1585105468880.jpg
Image source
https://images.app.goo.gl/MnQgM4NTHDYUHuNi9

1585105690760.jpg
Image source https://images.app.goo.gl/EZS9HyVWyXZkMfzE9

ကိုရိုနာ ရေ...

မင်းကြောင့် ဒီနှစ်နွေမှာ ကဗျာဆရာတွေလည်း ကလောင်တံကျိုးနိုင်သလို...

ကလေးသူငယ်တွေလည်း ဖြတ်လတ်တက်ကြွမှု ကင်းနေနိုင်ရဲ့...

ထို့အတူ ချစ်သူမောင်နှံ၊ လူပျို ၊ အပျို လေးများကလည်း အိမ်တွင်းပုန်းကာ ရွက်ပုန်းသီးတွေဖြစ်ကြလေတော့မလား...

မန်းလေး ရွှေမြို့တော်ကြီး၏ လမ်းမများဟာ ခြောက်ကပ်ကပ်နဲ့ အရာရာကို ကြောက်လန့်မှုတွေ ၊ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်မှုတွေ ဖြစ်ကုန်ကြတော့မလား...

ကျနော့်အဖို့မူကား ရည်မှန်းချက်များ ဝေဝါးကာ လမ်းပျောက်နေရ၏
ကိုရိုနာကြောင့် ဂျပန်သွားအလုပ်လုပ်ဖို့ အစီစဥ်များ မရေမရာ ဖြစ်ရလေပြီ။

ဒီနှစ်နွေကား ကျနော်ဘဝတစ်လျောက် အဆိုးဝါးဆုံး နွေမျိုးဖြစ်သွားမှာ စိုးကြောက်မိနေလေတော့သည်....

Various ဆိုးကြီး အမြန်ကင်းဝေးပပျောက်ပြီး...
ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းအေးကြပါစေ...

IMG_20200321_074947.JPG
@myanmarkoko