ဓာတ်တော်ချိုင့်ရေတံခွန်(ပြင်ဦးလွင်) အမှတ်တရ

ဓာတ်တော်ချိုင့်ရေတံခွန်(ပြင်ဦးလွင်) ဒီနေ့တော့ Travel post လေးတင်လိုက်ပါဦးမည်။ တင်ဦးမည်ဆိုသည်ထက် ဓာတ်ပုံလေးတွေ ကြွားချင် လို့လည်းဖြစ်ပါသည်။ ကြွားချင်သည်ဆိုသည်ထက် တူလေး၊ တူမလေးများအတွက် အမှတ်တရလေးတစ်ခု မှတ်တမ်...

5 years ago, comments: 8, votes: 7, reward: $0.00

ဓာတ်တော်ချိုင့်ရေတံခွန်(ပြင်ဦးလွင်)

ဒီနေ့တော့ Travel post လေးတင်လိုက်ပါဦးမည်။
တင်ဦးမည်ဆိုသည်ထက် ဓာတ်ပုံလေးတွေ ကြွားချင်
လို့လည်းဖြစ်ပါသည်။ ကြွားချင်သည်ဆိုသည်ထက်
တူလေး၊ တူမလေးများအတွက် အမှတ်တရလေးတစ်ခု
မှတ်တမ်းတင်ထားချင်သည်ဆိုလျှင် ပို၍မှန်ပေမည်။

IMG_20200714_141842.jpg

ကျွန်တော်တို့ငယ်ငယ်ကတော့ ယနေ့ခေတ်လိုမျိုး
နည်းပညာများ မထွန်းကားခဲ့သောကြောင့် မှတ်တမ်း
များသည်လည်းကောင်း အမှတ်တရများသည် လည်ကောင်း တိတိကျကျ မမှတ်မိနိုင်တော့ပေ။
ယခုတော့ ဖေ့စ်ဘွတ်ခ်မှ လွန်ခဲ့သည့် ဘယ်နှစ်က
ဘယ်လိုပုံတင်ခဲ့သည် ဘယ်အရာကိုလုပ်ခဲ့သည်ဆိုပြီး
ပို့စ်များကို ပြန်လည်ဖော်ပြပေးသောကြောင့် မိမိအတွက် မှတ်တမ်းများ၊ အမှတ်တရများကို တိတိ
ကျကျ မှတ်သားထားနိုင်လေပြီ။ ကျွန်တော်တို့ Hive
User များသည်လည်း မှတ်တမ်းတစ်ခု သမိုင်းတစ်ခု
ကို စိုက်ထူနေကြပြီမဟုတ်ပါလား။ Travel post
ကနေ တောင်ရေးမြောက်ရေးဖြစ်တော့မည် လိုရင်းကို
စကြပါစို့။

ခရီးတစ်ခု မထွက်ခွာခင် Preparation အရေးကြီး
ကြောင်းတော့ ပြောပြစရာလိုမည်မထင်ပါ။
ကျွန်တော်၏ ကြိုတင်ပြင်စဥ်မှုကြီးကား ထွေထွေထူး
ထူးမဟုတ် ထမင်းဟင်းများထုတ်ကာ ရေတံခွန်တွင်
ရေချိုးရင်း စားသောက်ကြဖို့ဖြစ်သည်။ ထမင်းဟင်းက
တော့ ကြက်သားချက်နှင့် လက်ဖက်သုပ်ဖြစ်သည်။
ထုတ်ရပိုးရ ပြင်ဆင်ရနှင့် အချိန်ကား နေ့လည် ၁ နာရီ
ရှိပေပြီ။ တူလေးတွေကိုလည်း ရေသန့်ဘူးတွေ ကြိုတင်ပြင်ဆင်ခိုင်းရသည်။ တောင်တက်တောင်ဆင်း
လုပ်ရမည်မို့ ရေသည်အရေးကြီးဆုံးအရာမဟုတ်ပေ လော။

ဓာတ်တော်ချိုင့်ရေတံခွန်သို့ စထွက်လေပြီ။

IMG_20200714_123046.jpg

IMG_20200714_233820.JPG

အစီစဥ်ကား အိမ်မှလမ်းလျှောက်ထွက်မည်ဖြစ်သည်။
ရေတံခွန်ထဲသို့ ဆိုင်ကယ်လမ်း ဖောက်ထားသော်လည်း
လမ်းကြမ်းသောကြောင့် စီးခွင့်မပေးပေ။ လမ်းမလျောက်ချင်လျှင်တော့ ဆိုင်ကယ် ကယ်ရီသမားများကို ငှားနိုင်ပေသည်။ ကျွန်တော်တို့
တူတသိုက်ကတော့ လမ်းလျှောက်သာဆင်းကြမည်ဖြစ်
သည်။ ခရီးစမထွက်ခင်ကတည်းက ကြိုတင်ပြောကြား
ထားရသည်။ လမ်းမလျှောက်နိုင်သူ မလိုက်ရဟု ဖြစ်သည်။ စထွက်ပေပြီ။ ရထားလမ်းပေါ်ဆင်းလိုက်
လျှင်ပဲ မီးရထားကြီး ဥသြသံကြားရ၍ ပြန်ပြီးကုန်းပေါ်
တက်ပြေးကြရပြန်သည်။

IMG_20200714_130041.jpg

IMG_20200714_133017.jpg

IMG_20200714_122859.jpg

IMG_20200714_133729.jpg

တူကလေး၊ တူမလေး များမှာ ပြုံးပျော်နေကြ၏။
စွန့်စားခန်း ထွက်လာကြသည့်အလား အားမာန်များ
ကား ပေါ်လွင်နေကြသည်။ ကလေးဘဝဆိုသည်မှာ
အပူပင်ကင်း၍ အရာရာကို စူးစမ်းလိုစိတ်ရှိကြသည်။

တောင်ဆင်းလမ်းများမှာ မတ်စောက်၏။ ဒါကိုပင်
သူရဲကောင်းလေးတွေက ပြေးပြေးဆင်းနေလို့
ခဏခဏ သတိပေးရ၏။ အရှိန်လွန်ကာ လှဲကျမည်
စိုးသောကြောင့်ဖြစ်ပါသည်။ သည်လိုနှင့် အမှတ်တရ
အဖြစ် ဓာတ်ပုံကလေးများ ရိုက်ပေးဖြစ်တော့၏။

IMG_20200714_130041.jpg

IMG_20200714_132305.jpg

IMG_20200714_133017.jpg

IMG_20200714_132951.jpg

IMG_20200714_132330.jpg

IMG_20200714_132305.jpg

ခရီးတစ်ဝက်အရောက်တွင်တော့ သူရဲကောင်းများ
အခြေနေမဟန်တော့သည်မို့ အနားပေးရတော့သည်။
ထို့ကြောင့် ငါးကွေ့ရေတံခွန်ငယ်လေးတွင် ခဏနားရင်း
အမှတ်တရ ဗီဒီယိုလေး ရိုက်ဖြစ်တော့၏။

ထို့နောက်ခရီးဆက်လေရာ နောက်ဆုံးတွင် ချွေးတရွဲရွဲ
ဖြင့် ဓာတ်တော်ချိုင့်ရေတံခွန်သို့ ရောက်ရှိလေသည်။
အမှတ်တရ ဓာတ်ပုံများရိုက်ဖို့ အကောင်းဆုံးအချိန်
ရောက်လာပေတော့သည်။ ဗီဒီယိုရော ဓာတ်ပုံရော
ရိုက်ဖြစ်သည်။ နိုင်ငံခြားသားများမှလွဲ၍ မည်သူများမှ
ရေတံခွန်ထဲတွင် ရေမကူးကြဝံပါ။ သြော်... ကိုယ့်မြေ
ကိုယ့်ရေမှာကိုပင် ရွှေမြန်မာများ တပန်းရှူံးရပြီ။
နိုင်ငံခြားသားများကပင် သူတို့မြေ သူတို့ရေ မဟုတ်ပေ
သော်ငြား ရေကူးဝံ့သည်။ ယုံကြည်မှုရှိကြသည်။
ကျွန်တော်တို့ ရွှေမြန်မာများလည်း အညံ့တော့မခံပါ။
ရေတံခွန်ထဲမကူးရဲပေမဲ့ ဘေးနားက ရေတိမ် ကမ်းစပ်
ကလေးတွင် ကူးခပ်နေကြသည်။ ဟိုသီချင်းလေးကိုပင်
သတိရမိသည်။

တို့ဟာ ကမ်းစပ်.... မင်းဟာ... ရေလှိုင်းလေးပေါ့အချစ်ရေ... ရေလှိုင်းလေးပေါ့အချစ်ရေ...
ကမ်းစပ်... တို့ဟာ... ကမ်းစပ်...

IMG_20200715_000339.JPG

IMG_20200714_235648.JPG

IMG_20200715_000310.JPG

IMG_20200714_134517.jpg

IMG_20200714_134505.jpg

IMG_20200715_000103.JPG

IMG_20200714_142125.jpg

IMG_20200714_235401.JPG

အဲ့သည်နောက်တွင်တော့ ခေတ္တခဏနားကြကာ
ဓာတ်တော်ချိုင့်ရေတံခွန်၏ ဒုတိယရေတံခွန် ခရီးဆက်
ကြပြန်သည်။ လမ်းမှာ အတက်လမ်းဖြစ်၍ မက်စောက်၏ သူရဲကောင်းလေးတွေကတော့ ပြေး၍
ပင်တက်ကြ၏။ ကျွန်တော့်မှာမူ တစ်လှမ်းခြင်းဖြင့်
ဟောဟဲစိုက်နေတော့သည်။ ကလေးတွေကို လမ်းလျောက်နိုင်ပေါ့မလားဟု စိုးစိတ်ကလေးသည်
ပြောင်းပြန်ဖြစ်ကာ မိမိကိုယ်ကို ပြန်မေးနေရတော့၏။
ဒုတိယ ရေတံခွန်သို့ အမောကြီးမောပြီးမှ ရောက်လေ
သည်။ ဒူးတွေချောင်ကာ စိတ်က မခိုင်တော့ပေ။
သူရဲကောင်းတွေကတော့ ချွေးအနည်းငယ်စို့ရုံကလွဲ၍
ဘာမှ ထူးထူးခြားခြား မတွေ့ကြရ။

ပါလာသည့် ထမင်းဟင်းများကို ဖွင့်ကာ အားပါးတရ
စားသောက်ကြသည်။ တောင်ထဲတောင် စားရတဲ့ထမင်းဟင်း အဘယ်မျှ ချိုမြိန်လိုက်သလဲ
ဆိုလျှင် ကမ္ဘာတွင် ရှိသမျှ မည်သည့် ဟင်းလျှာများနဲ့
မှ မလှဲနိုင်ပေ။ တူလေးတူမလေးများကလည်း
ခေါင်းမဖော်စတမ်း သုံဆောင်ကြလေတော့သည်။

IMG_20200715_001652.JPG

received_582128415766996.jpeg

received_1022997171450860.jpeg

received_275232043749940.jpeg

received_829899087414194.jpeg

ထို့နာက်ရေကစားကြကာ အိမ်ပြန်လမ်းသို့ ချီတက်ကြ
ရသည်။ လမ်းမှာ ဖြတ်လမ်းဖြစ်၍ ပို၍မက်စောက်
သည်။ လေးဘက်ကုန်းမတက်ရတမယ်သာ ရှိသည်။
ခြေကုန်လက်ပမ်းကြကာ ဤတောထဲပင် အိပ်၍နေပစ်
ခဲ့ချင်သည်။ သို့သော် သူရဲကောင်းလေးတွေက မည်သို့
မျှ မနေသေးသောကြောင့် အားတင်းကာ လျှောက်ရ
ပြန်သည်။ သြော် ဇရာက ပြလာလေပြီ။ အသက်ကလေး ၂၆ အမောပန်းက သိပ်မခံနိုင်တော့
ပေ။ သည်ကြောင်းတွေးမိပြန်တော့လည်း လူထုဦးလှ
၏ ဟာသပုံပြင်လေးတစ်ပုဒ်ကို သတိရမိပြန်သည်။

တစ်ခါတုန်းက လူ့ပြည်မှာ အရမ်းကို သန်မာထွားကြိုင်
တဲ့ လူသန်ကြီး တစ်ယောက်ပေါ်ထွန်းခဲ့သတဲ့။ အဲ့သည့်
လူသန်ကြီးက ဘယ်သူနဲ့ နဗန်းလုံးလုံး သူချည်းပဲနိုင်
နေတာပဲ။ တစ်နေ့တော့ လူ့ပြည်မှာ သူနဲ့ပြိုင်ဘက်
နဗန်းလုံးစရာ လူမရှိတော့ တောင်ပေါ်ကိုတက် ပြီး
နတ်ပြည်က သိကြားမင်းကို တောင်းဆိုသတဲ့။
လူ့ပြည်မှာ သူနဲ့ ယှဥ်နိုင်တဲ့သူ မရှိတော့၍ နတ်ပြည်က
နတ်သားတစ်ပါးစေလွတ်ပြီး သူနဲ့ နဗန်းယှဥ်လုံးဖို့
တောင်းဆိုးသတဲ့။ အဲ့တာနဲ့ သိကြားမင်းကလည်း
ဟုတ်ပြီ။ အဲ့တာဆိုရင် အခုတောင်အောက်ကိုဆင်း
လယ်ကွင်းထဲမှာ အဘွားအိုတစ်ယောက် တွေ့လိမ့်မယ်။
အဲ့သည်အဘွားအိုနဲ့ နဗန်းယှဥ်လုံးပြီးနိုင်မှ နတ်ပြည်က
နတ်သားနဲ့ နဗန်းယှဥ်လုံးခွင့်ရမယ်။ အဲ့သည်ပြောလိုက်
တော့ လူသန်ကြီးက အရမ်းပေါက်ကွဲသွားတယ်။ သူ့လိုလူသန်နဲ့ အဘွားအိုကို နဗန်းယှဥ်လုံးရမယ်တဲ့။
မတက်နိုင်ဘူးလေ။ ဒီတစ်နည်းပဲ ရှိတာမို့ ပေါက်ကွဲ
နေတဲ့ စိတ်ကိုမျိုသိပ်ပြီး တောင်အောင်ဆင်းကာ အဘွားအိုကိို ရှာပါတော့တယ်။ တောင်အောက်ရောက်
တော့ သိကြားမင်းပြောတဲ့အတိုင်း အဘွားအိုကို လယ်
ကွင်းထဲမှာ တွေ့ပါလေရော။ တွေ့တွေ့ချင်း အဘွားအိုကို အတင်းနဗန်းဝင်လုံးတော့တာပေါ့။ ထူးဆန်းတာက သူဘယ်လိုပဲ နဗန်းလုံးပေမဲ့ အဘွားအို
ရဲ့ အောက်ပဲဖြစ်နေတယ်။ သူ့ဘဝမှာ သန်လှပါတယ်
ဆိုတဲ့ လူတွေအားလုံးကို ယှဥ်ပြိုင်ပြီး အနိုင်ယူခဲ့ပြီးပြီ။
ဒီအဘွားအိုနဲ့ကျမှ မနိုင်ပဲဖြစ်နေတယ်။ ဇွဲမလျော့ပဲ
အကြိမ်ကြိမ် ထက်ကြိုးစားတယ်။ သူကချည်း အကြိမ်ကြိမ် အောက်ကဖြစ်နေတယ်။ နောက်ဆုံးဘယ်
လိုမှ မနိုင်တော့လို့ သိကြားမင်းကို လှမ်းမေးတော့မှ
သိကြားမင်းက ပြန်ပြောပါတယ်။

သူ့ကိုမင်းဘယ်နိုင်လိမ့်မတုန်း သူကတခြားလူမဟုတ် ဘူး။ သူက ဇရာလေ... ဇရာ။

အဲ့သည်ပုံပြင်လိုပင် အိုခြင်းဆိုသည်က ကျွန်တော်တို့
ဘယ်လိုမှ အနိုင်ယူလို့ မရသော အရာတစ်ခုဖြစ်ပေ
သည်။ သည်အကြောင်းရာကိုတော့ ယခု ခရီးသွားဖော်
သူရဲကောင်းလေးတွေကတော့ နားလည်ကြဦးမည် မထင်ပါ။ တက်ကြွဆဲ၊ လန်းဆန်းဆဲ၊ အားမာန်ပြည့်ဆဲ၊ အိုခြင်း နာခြင်း ဆိုသည်မှာ သူတို့နှင့်မဆိုင်သည့် အလားပင်း... ဖြစ်လေတော့သည်။

IMG_20200714_141842.jpg

temp_profile_image5862865305249374318.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko

Jul 14 20