13.04.2020
မြန်မာနိုင်ငံ၏ နောက်ဆုံးရ Covid-19 ရောဂါအခြေနေမှာ-
ရောဂါအခြေနေမှာတစ်နေ့တစ်ခြားပိုမိုးဆိုးရွားလာလျှက်သာရှိလေ
သည်။ ကျွန်တော်တို့ ခေါင်းဆောင်ကိုဟင် ၏ဆောင်းပါးကိုဖတ်ရ ပြီး ကျွန်တော်သည်လည်း ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးအား မိမိဘယ်လို
ဖြန်သန်းခဲ့ရကြောင်းကို ဆောင်းပါးရေးသားထားခဲ့ခြင်းအားဖြင့် မိမိ၏ မျိုးဆက် သို့မဟုတ် နှောင်လာနှောက်သားတို့အား သိရှိနားလည်စေရန် ဤဆောင်းပါးအားရေးသားလိုက်ရခြင်းဖြစ်ပါ သည်။
07.04.2020 ရက်နေ့တွင် ကျနော်သည် ပြင်ဦးလွင် အနီးစခန်း
ရွှေကျောင်း ဘုန်းကြီးကြောင်းတွင် ကိုရင်ဝတ်ခဲ့ပါသည်။ ကိုရင်ဝတ်
ဖြစ်သွားခြင်းမှာ တစ်ခြားကြောင့်မဟုတ် Covid ကြောင့်သာဖြစ်ပါ
သည်။ Covid ကြောင့် ကျွန်တော်အလုပ်လုပ်နေသော Ruparmandalar Hotel သည် April 21ထိပိတ်လိုက်သော ကြောင့်ဖြစ်သည်။နှစ်တိုင်းလိုလို April လရောက်တိုင်း Hotelမှ
အလုပ်ခွင့်ရက် ၂ ရက်သာရခြင်းကြောင့် ကိုရင်(ဘုန်းကြီး)မဝတ်ဖြစ်
ခဲ့ပေ။ ကိုရင်ဝတ်ဖို့လည်း စိတ်ကူးမရှိခဲ့ဖူးပေ။ Covid ကြောင့်ဒီနှစ် ဘုန်းကြီးဝတ်ခဲ့လေပြီ။
ငယ်ငယ်က ၇နှစ်သားအရွယ်တွင် ကိုရင် တစ်ခါဝတ်ခဲ့ဖူးသည်။ အဲ့ဒီ့
နောက်ပိုင်း အသက် ၂၆ နှစ်တိုင် တစ်ခါမှ ကိုရင်မဝတ်ခဲ့ရတော့ပေ။
ငယ်ငယ်တုန်းကတော့ ကိုရင်ဝတ်ခဲ့ရခြင်းအတွက် အရမ်းကိုပျော်ရွှင်
ခဲ့ပါသည်။ ဘာကြောင့်လဲဆိုတော့ မိဘတွေ ဂရုစိုက်မှု၊ အထူး အရေးပေးခြင်းကိုခံရသောကြောင့်ဖြစ်ပါသည်။
တစ်ကျော့ပြန် ၂၆နှစ်ရောက်မှ ကိုရင်(ဘုန်းကြီး)ဝတ်ရသောအခါ
တွင်ကား ငယ်ငယ်ကနှင့်မတူတော့ပေ။ ပထမအချက်မှာ ရှက်ခြင်း
ဖြစ်သည်။ ပြသနာက ကတုံးဖြစ်သည်။ ဘုန်းကြီးဝတ်ပြီးပြန်ထွက်
လျှင် အလုပ်ကို ကတုံးကေနှင့် ပြန်လုပ်ရမည်ဖြစ်ပြီး အားလုံးက
စနောက်ကျမည်ကို ရှက်ခြင်းကြောင့်ဖြစ်သည်။
ဒုတိယအချက်က မိမိ၏ချစ်သူကောင်မလေးကြောင့်ဖြစ်သည်။
ဘုန်းကြီးဝတ်လျှင် သူမနှင့်အဆက်သွယ် ခေတ္တဖြတ်ရမည်ဖြစ်သော
ကြောင့်ဖြစ်သည်။ စဥ်းစားရတော့ခက်ပေပြီ။ ပြောရလျှင်
ပိုပိုလွန်းသည်ဟု စာဖတ်သူများထင်ပေလိမ့်မည်။ အမှန်တကယ်ပင်
သူမနှင့် အဆက်သွယ်တစ်ရက်မှမပျက်ခဲ့ဖူးပေ။ ညတွင်
ဘယ်လောက်ပဲ မက်ဆင်ဂျာပေါ်တွင် စကားများရန်ဖြစ်ကြပါစေ
မနက်ကျလျှင်တော့ မိုးပင်မလင်းသေးပေ ပြန်အဆင်ပြေသွားကြလေ
သည်။ ဤ ဒုတိယအချက်ကား ကျွန်တော့်အတွက် အတော်ပင်ခက်လေသည်။ သူမအား ဘုန်းကြီးဝတ်မည့်အကြောင်း
ဖွင့်ပြောတော့ သူမလည်း ဝမ်းသာအားရ လက်ခံလေသသည်။
ဘယ်ကတည်းကများ ဘုန်းကြီးဝတ်စေချင်ခဲ့မှန်းမသိ။
ကိုကိုရယ် ခုလိုမျိုး ကမ္ဘာတစ်ဝန်းမှာကပ်ရောဂါဆိုးကြီး ဆိုက်ကပ်
နေချိန်မျိုးမှာ ဘုန်းကြီးဝတ်တော့ ကံအညံ့တွေလည်းပျောက်ပြီး
ကံတက်လာမှာပေါ့... ဟူ၏။
မိဘများ၏ဆန်ဒ၊ အမနှင့်ယောက်ဖ၏ တိုက်တွန်းမှု၊ ချစ်သူလေး၏အားပေးမှုကြောင့် ဘုန်းကြီးဝတ်ဖြစ်ခဲ့ပါသည်။
ကိုရင်ဝတ်လိုက်ပါငါ့မောင်ရယ် ကြုံတောင့်ကြုံခဲအေ..
Covid ကြောင့်သာ ငါ့မောင့်အခုလို အခွင့်ရေးမျိုးရတာ၊ ပိုပြီးကံထူးတာက ဒီရောဂါကြောင့်တစ်ခြားဘယ်ဘုန်းကြီး ကျောင်းကမှ ကိုရင်ဝတ်တာ လက်မခံဘူး။ ဒီရွှေကျောင်း ဘုန်းကြီးကျောင်းမှာပဲဝတ်လို့ရတာ။ ငါ့မောင်အလုပ်ကလည်း
သင်ကြန်ကာလမှာ ဘယ်နှစ်ကမှ ခုလိုရက်ရှည်ပိတ်ဖူးလို့လဲ။
ဟုတ်တယ်ငါ့ညီရေ...
မင်း Covid ကိုတောင် ကျေးဇူးတင်ရပါဦးမည်။
အော်.... ကျေးဇူးပါ Covid ရေ....
ဆက်ပါဦးမည်....
ကိုကိုမိုးဟိန်း