လွန်ခဲ့သော (၃)လ ခန့်ကဖြစ်မည်ထင်တယ်။ Airdrop ဘက်ကိုစိတ်ရောက်ပြီး
အရူးမူးလျောက်လုပ်နေချိန်ပေါ့။ ရလည်းရခဲ့ပါတယ်။ ရတယ်ဆိုလို့လည်း အထင်မကြီးလေနဲ့ ကိုဟိန်း၏ လမ်းညွန်ပြသမှုကြောင့်တာ ရခဲ့ခြင်းပါဗျ။
ဆိုတော့ အခုကျွန်တော်ပြောချင်တဲ့ Bitland pro ကလည်း ကိုဟိန်းနဲ့
မကင်းပါဘူးဗျ။ ချစ်ကိုကြီးက ပြောပြလို့တာ လုပ်ခဲ့ခြင်းပါဗျ။ အဲ့ဒီ့ Bitlandက
မိုင်းနင်းဆိုဒ် တစ်ခုပါဗျ။ မိုင်းနင်းတို့သဘာဝအတိုင်း ရင်းနိုင်ရင်တော့ ရတယ်ပြောတာပဲ။ ကျွန်တော်တော့ တစ်ခါမှ မရဖူးပေ။ အဲ့ဒီချိန်က လက်ထဲမှာ
Steem(စတင်း) အနည်းငယ်ကရှိတော့ လက်ယားလက်ယားဖြစ်နေတာပေါ့။
အဲ့ဒါနဲ့ 1$ လောက်ရင်းလိုက်ပါတယ်။ မိုင်းတူးတဲ့အခါ ၅မျိုးတူးနိုင်ပါတယ်။
ကျနော်ကတော့ Hive ရဲ့ ရန်ဘက် Tron ကိုရွေးချယ်ခဲ့ပါတယ်။ 1$ဖိုးကို
Tron 63 လောက်ရခဲ့တယ်။ အဲ့တုန်းကတော့ Withdraw က ချက်ချင်းရမယ် ထင်နေခဲ့တာ။ ဒါပေမဲ့ tron200 ပြည့်မှ ထုတ်လို့ရမယ်တဲ့ဗျာ။
ဆိုတော့ စိတ်ရှည်ရှည်နဲ့စောင့်ရုံပေါ့။ ရမရတော့မသိသေးဘူး။ ရလည်းအမြတ်၊ မရလည်း ရှူံးပေါ့ဗျာ။ ရှုံးမှသင်ခန်းစာရ။ သင်ခန်းစာရမှ အမြတ်ပေါ့ဗျာ။
မဟုတ်ဘူးလား။
အခုတော့ tron 200 ပြည့်ခါနီးနေပြီ။ ကျွန်တော့်စိတ်တွေလည်း လှုပ်ရှားနေပြီပေါ့။ အဲ့တာနဲ့ ခနခနဆိုသလို Bitland ထဲ ဝင်ဝင်ကြည့်နေမိတော့တာပဲ။ စာရေးဖို့ကလည်း အာရုံမလာတော့ဘူး။
စားလည်းဒီစိတ်၊ သောက်လည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်နဲ့မို့
ကျွန်တော်တစ်ယောက်ဗျာများနေပါတော့တယ်။
ဒီကြားထဲ ဘီယာချက်တာလေးက ခေတ်ထလာတော့ ပိုပြီး အရှူးရင့်လာရပြီပေါ့။
နေမြှင့်လာရပြီပေါ့ဗျာ။ မျှော်လင့်ချက်တွေနဲ့ လူဆိုတာက အသက်ရှင်ကြရတာဟုတ်လား။ တာယာမင်းဝေရဲ့ စာအုပ်ဖတ်ပြီး အဲ့ဒီ့စကားကို
သိပ်မသုံးဖြစ်တော့ပါ။ သူပြောတာကလည်းကြည့်ဦးလေ။
လူဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီမျှော်လင့်ချက်ကြောင့်ပဲ ပြန်ပြန်သေနေရတာကို မသိကြဘူး...။ တဲ့
ကဲ... အေးရော။ အခုလည်း မနေနိုင်မထိုင်နိုင် မျှော်လင့်ချက်လေး
ထားခဲ့မိသည်မို့...
ကိုကိုမိုးဟိန်း
KoKoMoeHein