ဘီဘူးမျက်နှာ

ကောင်းကင်က မိုးတိမ်တွေ အရောင်စုံသလို လူတွေရဲ့စိတ်က ပိုပြီး အရောင်စုံလင်တယ်... အဖြူရောင် ပရဟိတ ကိုကာဗာယူပြီး စေတနာကိုလည်း ခုတုံးလုပ်ကြတယ်။ အများကျိုးဆောင်သလိုလိုနဲ့ ကိုယ်ကျိုးဖျောင်တဲ့ စိတ်ဓာတ်တွေ... အသက်က...

5 years ago, comments: 2, votes: 10, reward: $0.34

ကောင်းကင်က မိုးတိမ်တွေ အရောင်စုံသလို
လူတွေရဲ့စိတ်က ပိုပြီး အရောင်စုံလင်တယ်...
အဖြူရောင် ပရဟိတ ကိုကာဗာယူပြီး
စေတနာကိုလည်း ခုတုံးလုပ်ကြတယ်။
အများကျိုးဆောင်သလိုလိုနဲ့
ကိုယ်ကျိုးဖျောင်တဲ့ စိတ်ဓာတ်တွေ...

အသက်ကြီးလို့ လူကြီးလို့ သမုဒ်တာ ခံရပြီး
ကျောမှာ သုံးလေးဘို့နဲ့
လေးစားမှုဆိုတဲ့ ဓားနဲ့ အညွန့်နုနုတွေကိုလည်းဖျက်တက်တယ်။
စိတ်ဆိုတဲ့မျက်နှာတစ်ခု လူတွေမှာ အပိုမပါလာတာ
တစ်ချို့လူတွေတွက် ကံကောင်းပါတယ်လေ...
တကယ်လို့ စိတ်မျက်နှာများ အပိုပါလာခဲ့ရင်
ဘီလူးမျက်နှာတွေ ပေါ်လာကြလိမ့်မလားနော်...
စဥ်းစားစရာပဲ...

qlj3oy.jpg
Image credit >>>https://images.app.goo.gl/r1NPdN3woAc8uZvu9

ကိုကိုမိုးဟိန်း
@myanmarkoko