ဘာ​ကြာင့်​ပဲ ​သောက်​​သောက်​( Drinking alchohol)

" အရက်​ကိုကြိုက်​လို့​သောက်​တဲ့သူ စိတ်​​ပျော်​တက်​လို့ ​သောက်​တဲ့သူ ​သောက်​ပစ်​လိုက်​မယ်​အရက်​များများ "... မူးလာပြီဆိုရင်​ စိန်​၀င်းထွန်းသီချင်းကို အာ​လေးလျှာ​လေးဖြင့်​ ​အော်​ဆို​လေ့ရှိကြသည်​။ လူငယ်​​တွေက​တော့ ​...

7 years ago, comments: 12, votes: 19, reward: $0.13

" အရက်​ကိုကြိုက်​လို့​သောက်​တဲ့သူ စိတ်​​ပျော်​တက်​လို့
သောက်​တဲ့သူ ​သောက်​ပစ်​လိုက်​မယ်​အရက်​များများ "...

မူးလာပြီဆိုရင်​ စိန်​၀င်းထွန်းသီချင်းကို အာ​လေးလျှာ​လေးဖြင့်
အော်​ဆို​လေ့ရှိကြသည်​။

လူငယ်​​တွေက​တော့ ​ဖော်​ကာရဲ့သီချင်း​လေးနဲ့ဗျ...

" ​နေညိုပြီ အ​ပေါင်းသင်းများက မျက်​စိမှိတ်​လို့အချက်​ပြကြ
တက်​ကြွတဲ့​ချေလှမ်းများက အရက်​ဆိုင်​ကို."...

ထွေ​ထွေ​လေး၊ ရီ​ဝေ​ဝေ​လေး၊ တစ်​ချို့ကလဲ လူမှန်းသူမှန်းမသိ​အောင်​မူးလို့ အရက်​ဆိုတာ အ​ကောင်းဆုံးအ​ဖော်​လို့​တောင်​ ​ကြွေး​ကျော်​​နေကြသည်​​လေ။

ပျော်​လို့​သောက်​ကြသည်​။
စိ​တ်​ညစ်​လို့​သောက်​ကြသည်​။
အ​ပေါင်းသင်းဝင်​ဆံ့​အောင်​​သောက်​ကြသည်​။

ဘာ​ကြောင့်​ပဲ​သောက်​​သောက်​ တန်​​ဆေးလွန်​​ဘေး
( Extremely is dangerous )​ပေါ့။

မ​နေ့ညက ​ဘော်​ဒါတစ်​​ယောက်​ အရက်​​သောက်​ပြီးပြန်​လာတာ အမူးလွန်​ပြီး လမ်း​ဘေးက​ချောင်းထဲပြုတ်​ကျတာ ​တော်​​သေးလို့ ရပ်​ကွက်​ထဲကလူ​တွေအ​တွေ့မြန်​လို့တဲ့ နို့မို့ဆို ဘ၀တစ်​ပါး​ပြောင်း​နေ​လောက်​ပြီ။ ရပ်​ကွက်​က လူ​တွေက ဖုန်းထဲက​တွေ့တဲ့သူနှိပ်​ပြီးဆက်​လိုက်​တာ ကျွန်​​တော့်​ဆီ​ရောက်​လာ​ရော အဲ့ဒါနဲ့သူ့ဆီအ​ပြေးသွားရတယ်​။ ဟို​ရောက်​​တော့ ဆရာသမားက ​မြေကြီး​ပေါ်မှာ​မှောက်​လျက်​ တစ်​ကိုယ်​လုံးလဲ ရွံ့ပွက်​​တွေ​ပေကျန်​လို့ လူရုပ်​ကိုမ​ပေါက်​​တော့ဘူး။ ဒီလိုနှင့်​ရပ်​ကွက်​က လူ​တွေကို​ကျေးဇူးတင်​​ကြောင်း​ပြောပြီး ပြန်​​ခေါ်လာရ​လေသည်​။

အင်း... အရက်​ရဲ့ ဆိုးကျိုး​တွေ​ပေါ့ ။ အရက်​ဆိုတဲ့အရာကလည်း အခု​ခေတ်​မှာ မ​သောက်​တက်​တဲ့သူမရှိ ၊ အမျိုးသားများကို​ပြောတာပါ။
တစ်​ချို့မိန်းခ​လေး​တွေ​တောင်​ မူးရစ်​​စေတက်​တဲ့ အရက်​မဟုတ်​​တောင်​ ဘီယာ​လောက်​​တော့ ​သောက်​တက်​​နေကြပြီဗျ။
ဘာ​ကြောင့်​ပဲ ​သောက်​​သောက်​​ ကိုယ်​နိုင်​သ​လောက်​ထိန်းပြီး​သောက်​သင့်​ပါတယ်​။
ကိုယ့့်အသက်​အန္တရယ်​ဖြစ်​​စေ​လောက်​တဲ့အထိ​သောက်​သုံးခြင်းမျိုးက​တော့ ​ရှောင်​ကျင်​သင့်​ပါသည်​။

drunkard-40577_960_720.png

Photos credit >> google image

Written by @kokomoehein
ကိုကိုမိုးဟိန်း
သစ်​အယ်​သီး

MSC no.118