ပြင်ဦးလွင်မြို့၏ ဆောင်းမနက်ခင်းသည် နှင်းများအုံ့ဆိုင်းကာ ပတ်ဝန်းကျင်တစ်ခုလုံး ဖြူတော့တော့ ဖြစ်နေသည်။ ထင်းရှူးတောတန်းကို ဖြတ်၍ တိုက်ခက်လာသောလေသည် ရနံ့သင်းသင်းလေးကို သယ်ဆောင်လာသည်။ နေရာင်သည် နှင်းထုကို မထိုးခွဲနိုင်ပဲ မှိန်ပြပြ အလင်းတန်းသည် ဦးကျော်စွာ၏ စာဖတ်ခန်းထဲရှိ စားပွဲပေါ်သို့ ထိုးကျနေသည်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်၍ စာကြည့်ခန်းထဲတွင် စာအုပ်ဖတ်ကာ ဦးကျော်စွာတစ်ယောက် အေးအေးဆေးဆေး အနားယူနေလေသည်။
အရှိကို အရှိတိုင်းလက်ခံပါ
စာအုပ်ထဲတွင်ပါသော ခေါင်းစဉ်များအနက် ထိုခေါင်းစဉ်လေးသည် လွန်ခဲ့သော ၁၄နှစ်သားအရွယ်သို့ ဦးကျော်စွာကို ပြန်လည်ခေါ်ဆောင်သွားလေတော့သည်။
ကျော်စွာဆိုသော ၁၄ နှစ်သားအရွယ် ကောင်လေးတစ်ယောက်သည် အလွန်ရှက်တက်သည်။ ကျောင်းသွားလို့ သူငယ်ချင်းများနှင့် မုန့်အတူတူစားရသော်အခါရှက်တက်သည်။ ကောင်မလေးများနှင့်စကားပြောသောအခါ ရှက်ကိုးရှက်ကန်းနှင့် ကယောင်ချောက်ခြားဖြစ်တက်သည်။ ကျော်စွာ၏ မိဘများသည် ရှေးရိုးစွဲဖြစ်ပြီး အ၀တ်စားများကို ပွပွရွရွဆင်ပေးသည်။ ဘာဒီဇိုင်းမှမရှိ၊ သူများတွေလို တောက်တောက်ပြောင်ပြောင် မ၀တ်စားတက်သောကြောင့် ကျောင်းမှကျင်းပသော ပျော်ပွဲရွှင်ပွဲများသို့ သွားရမည်ကို ကျော်စွာရှက်သည်။ သူဟာ အရာရာကို ရှက်တက်နေတော့သည်။ သူဟာ လူတောသူတောထဲကို သွားလေ့မရှိတော့ပဲ အိမ်တွင်းအောင်း၍သာ နေလေ့ရှိသည်။ သူ့ကိုသူ အရှူံးသမားတစ်ယောက်လို ခံယူထားတော့သည်။
ကျော်စွာသည် ၂၄ နှစ်အရွယ်တွင် မိဘများက ပေးစားသော မိန်းမတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။ ကျော်စွာ၏မိန်းမသည် ထက်မြတ်ပြီး ခေတ်ပညာတက် မိန်းမတစ်ယောက်ဖြစ်သည်။ သူမ၏ အသိုင်းဝိုင်းများမှာလည် ခေတ်နှင့်အညီလိုက်လျောညီထွေစွာနေထိုင်ကြသည်။ ထိုကြောင့် ကျော်စွာသည် မိန်းမ၏ မိဘများနှင့် တွေ့သောအခါ ဟန်ဆောင်ကာ မိမိကိုယ်ကို ယုံကြည်မှုရှိသူပီပီ နေရသည်။ သူ့ကိုယ်သူ ပြန်တွေးမိတိုင်း ၀မရှိပဲ ၀ိလုပ်နေရသည်ကို ရှက်ကာ နောက်တော့ ဘယ်သူနှင့်မှ မတွေ့တော့ပဲ တစ်ယောက်တည်း အထီးကျန်စွာနေတော့သည်။
ဤကဲ့သို့သော အရှူံးသမားကျော်စွာသည် စကားတစ်ခုကြောင့် တကယ့်ကျော်စွာအစစ်ကို ရှာတွေ့ခဲ့သည်။ တစ်နေ့တွင် မိန်းမနှင့် သူ၏သူငယ်ချင်းများ ဧည့်ခန်းထဲတွင် စကားပြောနေကြသည်။ ကျော်စွာတစ်ယောက် ထုံးစံအတိုင်း အိပ်ခန်းထဲတွင်သာ စာဖတ်သာလိုလို ဘာလိုလိုနှင့် ရှောင်နေလိုက်သည်။ မိန်းမ၏သူငယ်ချင်းတွင် ၈နှစ်အရွယ်သမီးလေးတစ်ယောက်ပါလာသည်။ သိပ်ပြီး လိမ္မာကာ သွက်လက်လှသည့်  သမီးကလေး ဟု ကျော်စွာ၏မိန်းမက ချီးမွန်းပြောဆိုပြီး ဘာကြောင့် ဒီလောက်လိမ္မာရသလဲဟု သူမ၏ သူငယ်ချင်းကို မေးသော်အခါ
အင်း… ငါတော့ သမီးလေးကို ငယ်ငယ်ကတည်းက အရှိကိုအရှိတိုင်းလက်ခံဖို့ ကိုယ့်ရဲ့ ဘ၀ကို နားလည်အောင်ကြိုးစားဖို့ အမြဲဆိုဆုံးမတာပဲ ။
ဒီစကားကို အိပ်ခန်းထဲမှ ကျော်စွာတစ်ယောက်ကြားလိုက်ရသောအခါ သူ့ကိုယ်သူ ပြန်တွေးကာ ၊ ဟုတ်တယ် ငါဟာ အရှိကို အရှိအတိုင်းလက်မခံခဲ့လို့ အခုလို အူတူတူအတတ အရာရာကို အရှူံးပေးပြီး ဟန်ဆောင်ကောင်းတဲ့ ကျော်စွာဖြစ်နေရတာပဲ။
ထိုနေ့မှစကာ ကျော်စွာသူ့ကိုယ်သူ ပြောင်းလဲသည်။ နေထိုင်မှုပုံစံ ၊ သူနှင့်လိုက်ဖက်သောအရောင်အ၀တ်စားကို ရွေးချယ် ၀တ်ဆင်သည်။ စကားပြောဆိုသောအခါ မိမိပုံစံအတိုင်းပြောသည်။ ဘာပဲလုပ်လုပ် ဟန်ဆောင်မနေတော့ပဲ အရှိကို အရှိတိုင်းလက်ခံလိုက်သောအခါ အသိုင်းဝိုင်းကြား တွင် တောက်တောက်ပြောင်ပြောင်ဖြစ်လာသည်။ လူတောသူတောတိုးသော မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိသော ကျော်စွာအစစ်မှန်ဖြစ်လာတော့သည်။
ယောကျာ်း … ယောကျာ်း
အော်မိန်းမ
ယောက်ျားအတွက် ကော်ဖီဖျော်လာတယ် ပူပူလေးသောက်လိုက်ပါဦး။ ဒါနဲ့ ဘာတွေများတွေးနေသလဲ စာအုပ်ကြီးကိုင်ပြီး ပြုံးစိစိနဲ့ ။
အော် ဘာမှမဟုတ်ဘာဘူးကွာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျော်စွာအကြောင်းပြန်တွေးမိသွားလို့ပါ။
ဟားဟား …. ဟားဟား …
ဦးကျော်စွာနှင့် သူ၏ဇနီးချောလေး ရယ်သံသည် တိုက်ခန်းမှ ပြတင်းပေါက်ကိုကျော်ကာ ထိုမှတစ်ဆင့် နှင်းထုကိုကျော်ကာ ကောင်းကင်ယံသို့ လွင့်ပျံသွားလေတော့သည်။
Image Credit >>> https://www.pexels.com/search/Married/
ဒေးလ်ကာနက်ဂျီ၏ ပျော်ရွှင်အောင်မြင် ဘ၀နှင့် လုပ်ငန်းခွင် မှ အနည်းငယ်မှီးပါသည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
KOKOMOEHEIN
@myanmarkoko
MSC no.118