ဆောင်းတွင်းမနက်ခင်းကို ဖြတ်သန်းရသည်မှာမလွယ်လှ အိပ်ယာထဖို့ခက်ခဲလှသည်။မျက်နှာသစ်ရန် အေးခဲနေသောရေကို တစ်စိမ့်စိမ့်ကြည့်ရင်း လက်ညိုးလေးနဲ့ရေကိုထိကြည့်လိုက်သောအခါ အေးလိုက်တဲ့ဆောင်း.................
(ရင်ထဲက အမှတ်တမဲ့ ရေရွတ်မိသွားသည်)။
မင်းကြောင့် လေတွေအေးတယ်...
မင်းကြောင့် ရေတွေအေးတယ်....
မင်းကြောင့် တောတောင်၊ သဘာဝ ကျေးငှက်တာသကာ တွေအေးနေမှာပေါ့....
မင်းကြောင့် မွေးကင်းစခလေးငယ်နဲ့ မိခင်တွေ အေးနေမှာပေါ့.....
မင်းကြောင့် သက်ကြီးရွယ်အို ဖိုးဖွားတွေ အေးနေမှာပေါ့....
မင်းကြောင့် ကုသိုလ်တော်ဘုရားနားမှာ ချိန်းတွေ့နေကြတဲ့ စုံတွဲ တွေအေးနေမှာပေါ့.....
မင်းကြောင့် ဈေးချိုနားက ဆိုက်ကားသမားတွေလည်းအေးနေမှာပေါ့.....
မင်းကြောင့် ခိုကိုးရာမဲ့ ထမင်းတစ်လုပ်အတွက် တောင်းရမ်းနေရတဲ့ ခလေးလေးတွေအေးနေမှာပေါ့.....
မင်းကြောင့် ဇရက်အိုဇရက်ပျက်တွေမှာ ခိုကပ်နေရတဲ့ အရူးတေ၊ွ တေလေဂျပိုးတွေ အေးခဲနေမှာပေါ့...
မင်းကြောင့် ဘုရားကြီးက အစာကျွေးမဲ့သူကို မျော်နေတဲ့ ခိုလေးတွေ အေးနေမှာပေါ့....
မင်းကြောင့် မန်းလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်လည်း အေးနေမှာပေါ့.....
မင်းကြောင့် တောင်တမံအင်းထဲကငါးလေးတွေနဲ့ ဦးပိန်တံတား ကြီးလဲ အေးနေမှာပေါ့....
မင်းကြောင့် ကျုံးကြီးထဲက ရေတွေလည်းအေးနေမှာပေါ့.....
မင်းကြောင့် မြို့လယ်ခေါင်က နာရီစင်ကြီးလည်းအေးနေမှာပေါ့....
မင်းကြောင့် ရန်ကင်းတောင်ခြေနားက စပါးခင်းတွေအေးနေမှာပေါ့.....
မင်းကြောင့် မန္တလေးမြို့ကြီးလည်း အေးနေမှာပေါ့.......
မင်းကြောင့်....မင်းကြောင့်....မင်းကြောင်....
ကမ္ဘာကြီးလည်း အေးနေမှာပေါ့........
ဒါကြောင့် အရမ်းမအေးပါနဲ့ဆောင်းရယ်.....
ငါ့နှလုံးသားတစ်ခုလုံးကြွေကျကုန်မှာစိုးလို့ပါ....
Photo credit >> Google
ကိုကိုမိုးဟိန်း ( သစ်အယ်သီး)
MSC no.118