ဦးထွေးနှင့် ဆာဟင်၏ တောင်းဆိုမှုကြောင့် ငါးဖမ်းဂိမ်း အကြောင်းအား ဆက်၍ ရေးသားလိုက်ရ
ပါသည်။
ငါးဖမ်းဂိမ်းဆိုပေမဲ့ တစ်ခြားဆော့ကစားလို့ရတဲ့
ဂိမ်းအမျိုးပေါင်း ၆ ခုလောက် ပါဝင်ပါသည်။ အဓိက
ငွေများများရသော ဂိမ်းမှာ ငါးဖမ်းဂိမ်းဖြစ်ပါသည်။
ငွေကုန်မြန်သော ဂိမ်းမှာလည်း ထိုငါးဖမ်းဂိမ်းပင်
ဖြစ်ပါသည်။ သည်ဂိမ်းဟာ လောင်းကစား ဂိမ်းတစ်ခုပဲ ဖြစ်ပါသည်။ လောင်းကစား ဂိမ်းဆို
သည့်အတိုင်း ကံတရားနှင့် ဆိုင်သလို ဥာဏ်ကလည်း
ကူပါမှ ရပါသည်။
ဂိမ်းစဆော့မည်ဆိုလျှင် App ကို ဒိုင်ဆီသို့သွားပြီး
ကူးယူပြီး အကောင့်ဖွင့်ခိုင်းရပါသည်။ ဒိုင်ဆိုသည်မှာ
လည်းတစ်ခြားမဟုတ်ပါ။ ဘီယာဆိုင်မှ ဆိုင်ရှင်က ဒိုင်ခံပါသည်။ ကျွန်တော့်ယောက်ဖ ပြောပြချက်အရ
ဒိုင်အကြီးစားတော့မဟုတ် ကော်မရှင်စား အဆင့်သာ
ရှိကြောင်းသိရသည်။ ထို့နောက်အကောင့်ပွင့်သွားပြီး မိမိအကောင့်ထဲသို့ ၁၀၀၀ကျပ်အနည်းဆုံးက စ၍သွင်းနိုင်ပါသည်။ Spin လှည့်ရသော ဂိမ်းအများစုကိုတော့ ငွေနဲနဲဖြင့် ကစားနိုင်ပါသည်။ ကျွန်တော့် ယောက်ဖ၏ ပြောပြချက်အရ
ငွေ အနည်းဆုံး တစ်သောင်းကျပ်လောက်ရှိမှ ငါးဖမ်း
ဂိမ်းကို ဆော့သင့်သည်ဟု ပြောပါသည်။ အကြောင်း
မှာ ငါးများကို ပစ်တဲ့အခါ မိတဲ့အခါရှိသလို မမိတဲ့
အခါလည်းရှိပါသည်။ ကိုယ့်ဆီက စားထားပြီးပြီဆို
ရင် ပြန်ပေးတက်ပါတယ်။ သူပြန်ပေးတဲ့အချိန်
ကိုယ့်ရဲ့အကောင့်က ငွေမရှိလို့ ငါးဆက်မဖမ်းနိုင်ရင်
ရှူံးတော့တာပဲ ဟု သူ့အတွေ့ကြုံကို ပြောပြပါသည်။
လောင်းကစားဆိုသည်မှာ အတက်အကျ ကြမ်းပါသည်။ တက်ရင်လည်း နတ်ဘုံ နတ်စည်းစိမ်။
ကျရင်လည်း ခွေးကျ ဝက်ကျ ကျပါသည်။
အကျိုးပေးကတော့ ကွာပါသည်။ တစ်ချို့က လောင်းကစား အကျိုးပေးသည်။ တစ်ချို့ကတော့
အကျိုးမပေးပဲ စီးပွားပျက်သည့်အထိ ဖြစ်တက်သော
သာဓကများလည်းရှိပါသည်။ ကျွန်တော်ကတော့
လောင်းကစား အကျိုးမပေးပါ။ ကိုယ့်ကံကို ကိုယ်ယုံပါသည်။ ဒါကြောင့် ထိုငါးဖမ်းဂိမ်းကို မဆော့ပါ။ ဘေးကနေတော့ ပို့စ်တင်ရအောင် အကြံ
ထုတ်ကာ ထိုင်ပြီးတော့ ကြည့်နေခဲ့ပါသည်။
ကျွန်တော့် ယောက်ဖကတော့ လောင်းကစားအကျိုး
ပေးပါသည်။ ဘီယာသောက်လိုက် ငါးဖမ်းလိုက်နှင့်
သူ့အရပ်နှင့် သူ့ဇာတ်ကိုက်လှပေသည်။ မွဲတဲ့နေ့တွေ
လည်းရှိသလို မုတ်ဆိတ်ပျားစွဲသော နေ့များလည်း
ရှိပါသည်။ သို့ပေမဲ့ လောလောဆယ်တွင်တော့
ပျားစွဲကောင်းနေဆဲဖြစ်ပါသည်။ ကျွန်တော့်လည်း
ကျွန်တော့် ပျားအုံ Hive ကို ပျံတက်သွားအောင်
ဒုတ်နဲ့သာ ထိုးစွပစ်လိုက်ချင်ပါတော့သည်။
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko