အွန်လိုင်း မန်းနီးအားသနားမိ

အွန်လိုင်း မန်းနီးအားသနားမိ ခေါင်းစဥ်ကတော့ ခနဲ့တည့်တည့်ပါ။ ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ စာရေးပြီး ငွေရှာကြတယ်။ အရင်းနှီးမလိုဘူးဆိုပေမဲ့။ ဖုန်းဘေလ်ဖိုးကတော့ ကျွတ်တာပါပဲ။ ခုလက်ရှိ Hive ပေါက်စျေးကလည်း ၃၀၀ ဝန်းကျင်။...

5 years ago, comments: 6, votes: 10, reward: $0.24

အွန်လိုင်း မန်းနီးအားသနားမိ

ခေါင်းစဥ်ကတော့ ခနဲ့တည့်တည့်ပါ။ ကျွန်တော်တို့
အွန်လိုင်းပေါ်မှာ စာရေးပြီး ငွေရှာကြတယ်။ အရင်းနှီးမလိုဘူးဆိုပေမဲ့။ ဖုန်းဘေလ်ဖိုးကတော့
ကျွတ်တာပါပဲ။ ခုလက်ရှိ Hive ပေါက်စျေးကလည်း
၃၀၀ ဝန်းကျင်။

ကဲ... ဘာကြောင့်များ သနားရပါသလဲခဗျာ။

IMG_20200630_163406.JPG

ကျွန်တော်အလုပ်မှ ခွင့်ရလို့ အိမ်ပြန်ပြီး နားနေတဲ့ခါ
အိမ်မှာ ကျွန်တော့်ယောက်ဖလည်းရှိနေပါတယ်။
ယောက်ဖက အလုပ်က ၁၅ရက်ဆင်း ၁၅ရက်နား
ရတာကြောင့် ခုလိုမျိုး အိမ်မှာ နားနေခြင်း ဖြစ်ပါတယ်။ အလုပ်၁၅ရက်နားရတာက တော်ယုံဆို
မလွယ်ပါ။ လစာ တစ်ဝက်နဲ့ တစ်လလုံး ဘယ်လိုမှ
ဖူလှုံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူကတော့
အေးဆေးပဲဗျ။ အိမ်မှာနားရင် ဂိမ်းလေးဆော့ရင်း
ဘီယာလေးပါ သောက်နေလိုက်သေးတာကိုး။

ဘာကြောင့်ဒီလို နားနေနိုင်တာလဲဆိုတော့ ငါးဖမ်း
ဂိမ်းကြောင့်ပါတဲ့ဗျာ။ ကိုယ်ရဲ့ ဂိမ်းအကောင့်ထဲ
ငွေ တစ်သောင်းကျပ်သွင်းပြီး ငါးဖမ်းရပါတယ်။
တစ်နေ့ကဆို ငါးဖမ်းတာ ၆ သောင်းလောက် ခိုင်သွား
တယ်လို့ သိရတယ်။(ခိုင်သွားတယ် ခေတ်သုံးစကား
ရရှိသွားတယ်) ကျန်တဲ့ ရက်တွေလည်း ၁ သောင်း၊
၂ သောင်း လောက်အနည်းဆုံးခိုင်သေးတယ်ဟု
လိုင်းပေါ်ငွေရှာလို့ရပုံကို ပြောပြပါတယ်။

IMG_20200630_163334.JPG

သြော်... သူကမှ ဟုတ်တုတ်တုတ်ဗျ။ ကိုယ်တွေ
အွန်လိုင်းမန်းနီးကတော့ ခေတ်မကောင်းသေးပါ။
အားယူလို့ ကောင်းနေတုန်းဖြစ်ပါတယ်။ ကိုဟင်ပြော
သလိုမျိုးပြောရရင် အွန်းလိုင်းမန်းနီးဆိုတာက စိတ်ရှည်သူတွေ အကျိုးဖြစ်ထွန်းကြတာ မဟုတ်လား။ ကျွန်တော်လည်း ဆက်ပြီး စိတ်ရှည်ရှည်မွေးပြီး စာတိုပေစလေးတွေ ဆက်ရေး
သွားပါဦးမယ်ဗျာ။

IMG_20200630_163431.JPG

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko