အချစ်​စစ်​ရဲ့ အလှတရား

မြန်​မာစတီးမစ်​ မိသားစုဝင်​များအားလုံး မင်္ဂလာပါ .... ဒီ​၀တ္ထုတို​လေးကို ယ​နေ့​ခေတ်​လူငယ်...

7 years ago, comments: 34, votes: 77, reward: $2.54

IMG_20180325_104236.JPG

မြန်​မာစတီးမစ်​ မိသားစုဝင်​များအားလုံး မင်္ဂလာပါ ....
ဒီ​၀တ္ထုတို​လေးကို ယ​နေ့​ခေတ်​လူငယ်​များ အချစ်​နှင့်​အလှကို
ဝေဖန်​ခွဲခြားပြီး ချစ်​တက်​ကြဖို့ အတက်​နိုင်​ဆုံး
ကြိုးစား​ရေးသားထားခြင်းဖြစ်​ပါတယ်​ ....

ဇာတ်​သိမ်း

ဟိုးအရင် ပျော်ရွှင်ကြညါနူးမှုအတိ ဖုံးလွှမ်းခဲ့သော ညများနှင့်မတူ ဒီညတွေဟာ မင်းထက်ရဲရင့်အတွက် ပိုပြီးမှောင်နေသလို။ ညဆိုတာ အရမ်းကို တိတ်ဆိတ်ငြိမ်သက်ပြီး အိပ်မပျော်သူတွေကို
တကယ်ပဲခြောက်လှန့် တက်သလား။ ဒီလိုဆိုရင်
မင်းထက်ရဲရင့်လည်း လမိုက်ညရဲ့ သားကောင်ဖြစ်မှန်းမသိ
ဖြစ်နေလေပြီ ။ အရင်က ဖေစ့်ဘွတ် သုံးရင်း ညတစ်ညကုန်ဆုံးဖို့
လွယ်ကူလှပေမဲ့ အခုတော့ ရှည်းလျားလှသော ညဆိုသော
ခရီးကို ဖေ့စ်ဘွတ်သုံးပြီး ကျော်ဖြတ်လို့ မရ၊ လိုင်းပေါ်တက်လိုက် သူများတင်ထားတာ ၀င်ထားကြည့်၊ လိုက်ခ် တွေပေး ၊ လိုင်းပိတ်ပြီးပြန်အိပ်။ ခနကြာတော့ လိုင်းပေါ်ပြန်တက် ဖေ့စ်ဘွတ် ပြန်သုံးလိုက်နှင့် ညတစ်နာရီ ဆိုတဲ့ အချိန်ကို ရောက်လို့နေပြီ။ ညကလည်း
ပိုမှောင်လာပြီး အရာအားလုံးဟာ အိပ်မောကျလို့နေသည်။
မက်ဆင်ဂျာ ချက်ဘောက်စ် လေးထဲကို တစ်ချက်မှဝင်မကြည့်ဖြစ်၊ စာတွေကတော့ အများကြီးရောက်လို့နေသည်။ သေချာတာကတော့ သူမပို့ထားပဲဖြစ်ပေလိမ့်မည်။ မင်းထက်ရဲရင့် သူ့စိတ်သူ
နားမလည်နိုင်ဖြစ်နေမိသည်။ တကယ်ဆို သူမက သူ့ရဲ့ချစ်သူ၊
အရင်လိုဘာကြောင့် စာတွေမပို့ဖြစ်တာလဲ သူစဉ်းစားမရပေ။
သေချာတာကတော့ သူမနှင့် တွေ့ပြီးနောက်ပိုင်း သူ့ရဲ့စိတ်တွေ
လေးလံသွားသည်။ ဟိုးအရင် အရူးမူးဖြစ်စေခဲ့သော ၊
ရင်ခုန်စေခဲ့သော သူမရဲ့ ဖွေးဖွေးနုနု ၊ ရွရွ ရုပ်လွှာလေးသည်
တကယ့်အပြင်မှာတော့ ထင်ရက်စရာမရှိအောင် ရုပ်ကဆိုးလွန်းနေသည်။ ပထမတော့ ရုပ်ဆိုးလွန်း သူမမဖြစ်နိုင်ဘူးဟုထင်ခဲ့ပေမဲ့ ၊
အသံကြားလိုက်ရချိန်တွင် သူလက်ခံလိုက်ရသည်။ အချစ်ဆိုတာ အပြင်ဗန်းသဏ္ဌန် ရုပ်ရည်ချောမောလှပမှုပေါ်မှာ မူတည်သလား၊ သို့မဟုတ် သံယောစဉ်ဆိုသော အခြေခံအုပ်မြစ်ပေါ်မှာ
မူတည်လေသလား။ မင်းထက်ရဲရင့် ဝေးခွဲမရနိုင်ဖြစ်မိသည်။
သူ့စိတ်သူလည်း မသေချာ၊ သို့ပေမဲ့ သေချာတာတစ်ခုကတော့
သူမရဲ့ရုပ်ပုံလှလှလေး၊ ချစ်​စဖွယ်အပြုံးလေးတွေကို သူမြတ်မြတ်နိုးနိုး ခုံမင်ခဲ့ရ သည်ကတော့ အမှန်တရားပင်ဖြစ်သည်။
သူစဉ်းစားရင်း ခေါင်းကိုက်လာသည်။ ဘာမှမစဉ်းစားပဲ အိပ်ပစ်တော့မည်ဆိုမှ မိုးကစင်စင်လင်းလို့နေတော့သည်။

o-WORRY-facebook.jpg
Photo credit >> https://goo.gl/images/TQrEcC

တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလားပြီး မင်းထက်ရဲရင့် စိတ်တွေလည်း လေးလံထိုင်းမိုင်းလို့နေရသည်။ တခြားမဟုတ်
ဖုန်းတွေ တဂွမ်ဂွမ်လာ၊ မက်ဆေ့တွေ တဂျွမ်ဂျွမ် အဆက်မပြတ် ရောက်ရောက်လာ မင်းထက်ရဲရင့် စိတ်ညစ်နေရသည်။
စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရ၊ အလုပ်ချိန်တွင်
လည်း ဖုန်းကို ဆိုင်းလန့်စ် လုပ်ထားရသည်အထိပင်။
သူ့ဘက်က လမ်းခွဲစကားမပြောချင်လို့ အဆက်သွယ်
ဖြတ်ထားခဲ့ပေမဲ့ ကောင်မလေးက အရိပ်သုံးပါးနားမလည်စွာ
အတင်းလိုက်ပြီး တွယ်ကပ်နေသည်။ သည်းခံပြီးနေပေမဲ့
မရတော့ ပြောမှသိမည့် အဖြစ်ဆိုတော့ အားနာနာနှင့် ပင်​​ပြောရေ​လေတာ့မည်။

ဟဲလို ….

မောင် …. ဘာလို့ဖုန်းမကိုင်တာလဲ။ ချစ်မှာ ဘာအပြစ်များရှိလို့လည်း၊ မက်ဆေ့တွေ ပို့ထားတာလဲ အကြောင်းမပြန်ဘူး။

အင်း …. အဲ့ဒါက ဒီလိုရှိတယ် … ဟိုလေ ။။။

မောင်ဘာဖြစ်နေတာလဲ … ၊ ချစ်နဲ့တွေ့ပြီး နောက်ပိုင်း
မောင်အချိုးတွေပြောင်းနေတယ် …။
ဘာလဲချစ်ကရုပ်ဆိုးလို့လား …။

အင်း …. ။ ဟာ အဲ့လိုမဟုတ်ပါဘူး ။

အဲ့တာဆိုဘာကြောင့်လဲ … ပွင့်ပွင့်လင်းလင်း ပြောပါမောင် ….။

ဒီလိုရှိတယ် … မောင် အိမ်ကပေးစားတဲ့ မိန်းခလေးနဲ့
ပြီးခဲ့တဲ့အပက်က စေ့စပ်လိုက်ရတယ်။ မောင်းငြင်းချင်ပေမဲ့
မောင့်မေမေမှာ သွေးတိုးရောဂါရှိနေတော့ မောင် ငြင်းလိုက်ရင်
မေမေ သွေးတိုးပြီး အန္တရယ်ဖြစ်မှာစိုးလို့ လက်ခံလိုက်ရတယ်။

မောင်ရယ်…. အဲ့တာများစောစောကပြောပါလား။ အခုတော့
ချစ်မှာခံစားလိုက်ရတာ အရူးလုံးလုံးကြီးကိုဖြစ်ရော။

အင်း…. မောင်လည်း ပြောမထွက်ရက်ခဲ့လို့ပါ …
အခုဒီစကားကို မနဲအားတင်းပြီး ပြောလိုက်ရတာပါ။
မောင့်ကို မေ့လိုက်ပါတော့…

ဘယ်တက်နိုင်ပါ့မလဲ …. မောင့်ဘက်ကမဖြစ်နိုင်တော့ဘူးဆိုတော့ ချစ်ကနားလည်ပေးရမှာပေါ့။ တကယ်ဆို မောင်က ချစ်ရဲ့အချစ်ဦးပါ။ နောင်တချိန်မှာ တိုက်ဆိုင်မှုတွေရှိလာရင် မောင့်ကိုသိပ်ချစ်ခဲ့တဲ့
ကောင်မလေး တစ်ယောကင်ရှိခဲ့တယ်ဆိုတာ
သတိရပေးပါမောင် …။

အင်းပါ … သတိရနေပေးပါ့မယ်။

မောင့်ကိုယ်မောင် ဂရုစိုက်နော်။ အေးချမ်းသာယာတဲ့
မိသားစုလေးပိုင်ဆိုင်နိုင်ပါစေနော်။
ကျေးဇူးတင်ပါတယ် …..

သုံးလဆိုတဲ့ အချိန်အတိုင်းတာတစ်ခုက စိတ်ဒဏ်ရာတစ်ခုကို
အားလုံးမဟုတ်တောင် အနဲဆုံးတော့ အနာကျက်ပြီး
မေ့မေ့ပျောက်ပျောက်ဖြစ်တဲ့ထိတော့ ကုစားနိုင်ခဲ့လိမ့်မည်လို့
ထင်ပါသည်။ အခုတော့ အရာအားလုံးဟာ ပုံမှန်အတိုင်း
လည်ပက်လို့နေပြီ။ သို့ပေမဲ့ တခါတလေ တိုက်ဆိုင်မှုတွေရှိလာရင်
တော့ ဘယ်ဘက်ရင်အုံက တစ်ချက်တစ်ချက် ခုံချင်နေမိသည်။
မျက်လုံးထဲမြင်ယောက်လာသော သနပ်ခါးပါးကွက်ကြားကြီးနှင့် သွားခေါခေါ မျက်နှာတစ်ခုကြောင့် ခုန်ချင်လာသော
ဘယ်ဘက်ရင်အုံက ပြန်ပြီးအသက်မဲ့သွားလေသည်။
အချစ်ဆိုတာဘာလဲ ၊ ဘယ်လိုအရာကို အချစ်လို့ခေါ်တာလဲ။
ကမ္ဘာကျာ် ရိုမီယို နှင့် ဂျူးလိယက် ၊ မြန်မာရာဇ၀င်ထဲမှာဆိုရင် ရှင်မွေးလွန်းနှင့် မင်းနန္ဒာ စတဲ့ အချစ်ရဲ့ ကြီးကျယ်ခမ်းနားသော
ပုံပြင်တွေ ကြားဖူး ၊ ဖတ်ဖူးပေမဲ့ ကိုယ်ကိုတိုင် ကျ အချစ်ဆိုတာ
ဘာမှန်းမသိ။ အခုလည်း" ရွှေဘဲ "စားသောက်ဆိုင်တွင်
နေ့လည်စာ စားသောက်ကြရင်း မင်းထက်ရဲရင့်တို့
သူငယ်ချင်း လေးယောက် အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အသေအကြေ ဆွေးနွေးနေကြလေရဲ့ ။
ပထမဆုံး အရှည်​ကြီးက စ​ပြော​လေသည်​...

go-out-with-the-boys-600x400.jpg
Photo credit >>https://goo.gl/images/XL7rGa

အဟွတ်​ ... ဟွက်​....( ​ချောင်းသံဖြင့်​အစပြု​လေသည်​ )

အချစ်​ဆိုတာ ဒီလိုပဲကွ....

ဘာဒီလိုလဲကွ .... ဘာမှ​တောင်​မ​ပြောရ​သေးပဲနဲ့
(မိုးကြီးက၀င်​ပြီး ဂျင်းထဲ့သည်​)

ငါအ​ကောင်း​ပြောမလို့ မိုးကြီးရ .... မင်းလာပြီးဂျင်းမထဲ့နဲ့

ငါလည်းအတည်​​ပြော​နေတာပဲ မင်းက ဘာမှမ​ပြောရ​သေးပဲ
ဒီလိုပဲကွဆို​တော့ ငါကဘာကိုနားလည်​ပြီး
ဘာကို​ထောက်​ခံရမှာလဲ...

ကဲကဲ... ​တော်​ကြပါ​တော့ကွာ လိုရင်းကိုမ​ရောက်​​တော့ဘူး
(မင်းလွင်​က စိတ်​မရှည်​စွာဝင်​​ပြောသည်​)

အေ... ငါအတည်​​ပြောမယ်​နား​ထောင်​ တကယ်​​တော့
အချစ်​ဆိုတာ ... တကယ်​​တော့... ကုက်​​လေယား​လေ၀ဲလိုပဲကွ...

ဟာ... အ​ကောင်းမှက်​လို့နား​ထောင်​​နေတာ ​... အ​ရေးထဲသူ့ဖင်​က ၀ဲကိုလာ​ကြေငြာ​နေ​သေးတယ်​...
( မိုးကြီးက ​ဒေါသထွက်​ထွက်​နဲ့ ၀င်​​ပြောသည်​)

မိုးကြီး ... ဒီ​ကောင့်​ဖင်​မှာ ၀ဲ​ပေါက်​တာ မင်းဘယ်​လိုသိတာလဲ
( မင်းလွင်​၀င်​​နောက်​သည်​ )

အေး ဒီ​ကောင်​ အိမ်​သာသွားတက်​တုန်းက ​ချောင်းကြည့်​ထားတာ.. ဟာငါ​တောင်​​ယောင်​ကုန်​ပြီ။ ဒီ​ကောင်​က ဘာမှမဆိုင်​ပဲ
ဝဲအ​ကြောင်းလာ​ပြော​တော့ ဒီ​ကောင့်​ဖင်​မှာ ၀ဲ​ပေါက်​​နေလို့ပဲ
နေမှာ​ပေါ့ကွ...။

ကဲကဲ... ​တော်​ကြပါ​တော့ကွာ ငါ​ပြောမယ်​ နား​ထောင်​ကြ ...
တကယ်​​တော့အချစ်​ဆိုတာ ကုတ်​​လေယား​လေ.. အဲဟုတ်​​ပေါင်​... ချစ်​ခြင်းရဲ့အစ မျက်​စိကတဲ့ ...။ပထမဆုံး မျက်​စိနဲ့မြင်​ပြီး
နှလုံးသားနဲ့ ခံစားလိုက်​​တော့အချစ်​ဆိုဖြစ်​​ပေါ်လာတာပဲ...
( မင်းထက်​ရဲရင့်​ ရုပ်​တည်​ကြီးနဲ့​ပြောလိုက်​​တော့ ကျန်​သုံး​ယောက်​က ငြိမ်းပြီးနား​ထောင်​​နေကြသည်​ )

ပြောရရင်​​တော့ ... လွန်​ခဲ့တဲ့ သုံးလ​လောက်​တုန်းက
ငါ့အဖြစ်​ပျက်​က သက်​​သေပဲကွ...

မင်းကလည်း ဘာမှလည်းမဆိုင်​ဘူး ကိုယ့်​ဟာကိုယ်
 နာဗူး​ကျောထပြီး သွား​ခေါ်နဲ့​တွေ့တာ အဲ့တာအချစ်​နဲ့ဘာဆိုင်​လဲ...

ထိုစဉ်​ အရှည်​ကြီးကတစ်​ခုခုကို​တွေ့၍အလန့်​တကြားဝင်​​ပြောသည်​။

ဟေ့​ယောင်​​တွေ... ဒီ​ကောင်​​ပြောတာ ငါလက်​ခံတယ်
 ချစ်​ခြင်းအစမျက်​စိကဆိုတာ ...
ဟိုမှာကြည့်​စမ်း လှလိုက်​တဲ့​ကောင်​မ​လေးကွာ... ​ကောင်းကင်​​ပေါ်က နတ်​သမီးတစ်​ပါးဆင်းသက်​လာတဲ့အတိုင်းပဲ...

အရှည်​ကြီး ညွန်​ပြရာကို အားလုံးပြိုင်​တူကြည့်​မိကြသည်​။ ထိုအခါ ဂျူး !!!! ဆို​​သော အာ​မေဋိတ်​ သံဖြင့်​ ပါးစပ်​အ​ဟောင်းသား ဖြစ်​သွားသူက မင်းထက်​ရဲရင့်​ဖြစ်​သည်​။ သူ့မျက်​လုံးများပွတ်​ကြည့့်သည်​။
ဟုတ်​ပါသည်​ ဓာတ်​ပုံထဲ ဂျူးပါပဲ ၊ ဒါ​ပေမဲ့ အပြင်​မှာ​တွေ့တုန်းက
ဒီလိုမဟုတ်​။ အခု​တော့ အသား​ရေကလည်းဝင်းပပြီး
ဖြူညှပ်​​နေတာပဲ၊ မျက်​နှာ​လေးကလည်း ကမ္ဘာကြီးတစ်​ခုလုံးကို
မေ့ပစ်​သွား​စေနိုင်​တဲ့ ​အေးချမ်းတဲ့မျက်​နှာမျိုး၊ သူမကို
ပါးစပ်​အ​ဟောင်းသားနဲ့ ​ငေးကြည့်​​နေစဉ်​မှာပဲ သူမနှင့်​ အကြည့်​ချင်းဆုံးကာ သွား​ပေါ်​အောင်​ပြုံးပြသည်​။ ရင်းနှီး​သော အပြုံးတစ်​ခုပင်​။ သွား​လေး​တွေကလည်း ဖြူ​ဖွေးပြီး ညီညာကာ သွားတက်​​လေးနဲ့
တကယ်​ကိုချစ်​ဖို့​ကောင်းလှသည်​။ ထို့​နောက်​ သူမ​ခြေလှမ်း​တွေက သူတို့စားပွဲဝိုင်းဆီသို့ ဦးတည်​လာ​နေတာကို အားလုံးက
သတိထားမိကြသည်​။ အနား​ရောက်​​သောအခါ တည်​ငြိမ်​သူ
မျက်​နှာ​ဘေး​လေးနှင့်​ပြုံးပြပြီး ​ပြောလိုက်​​သောစကား​ကြောင့်
မင်းထက်​ရဲရင့်​ ​သောက်​​နေ​သော ကိုလာချို​ရေ​​တွေ
ပြန်​အမ်​ထွက်​ကာ သီးသွားသည်​။

10932273_1546069072343803_1350762080_n.jpg
Photo credit>> https://goo.gl/images/sX2zcB

ကိုမင်းထက်​ရဲရင့်​ ​နေ​ကောင်းတယ်​​နော်​....

အဟွက်​... ဟွက်​.. ဗျာ ... ဟုတ်​ ​နေ​ကောင်းပါတယ်

ကျမက ဂျူးဂျူးလှုင်​ပါ မှက်​မိ​သေးရဲ့လား...

ဟုတ်​ မှတ်​မိပါတယ်​ ဒါ​ပေမဲ့မအပြင်​မှာ ​တွေ့တုန်းက ...
( စကား​တောင်​မဆုံး​သေး​ကောင်​မ​လေးက ၀င်​​ပြောသည်​ )

အို... အဲ့တုန်းက ကျမ ရုပ်​ဖျက်​ပြီး ရှင့်​ကိုလာ​တွေ့တာ ပြီး​တော့
မက်​ဆင်​ဂျာမှာ စာပို့ထားတယ်​​လေ ရှင်​မဖတ်​မိဘူးထင်​တယ်​...

အော်​...ဟုတ်
ဒါဆို ဂျူးက အရမ်းကိုလှတဲ့မိန်းခ​လေးပဲ ။ ကြည့်​စမ်းပါဦး
ဘယ်​လိုကြည့်​ကြည့်​ ကြည့်​လို့ကိုမ၀ဘူး။
တော်​​တော်​ညံ့တဲ့ငါဘာလား... ဘာပဲဖြစ်​ဖြစ်​ ငါပြန်​​တောင်းပန်​ပြီး သူ့ကိုဘယ်​​လောက်​ချစ်​ခဲ့တဲ့အ​ကြောင်း​တွေ​ပြောပြလိုက်​ရင်
အဆင်​​ပြေနိုင်​​သေးတာပဲ..
ထိုသို့ မင်းထက်​ရဲရင့်​ အ​တွေး​တွေ နယ်​ကျွံ​နေချိန်​မှာပဲ...

ဟော... ဟိုမှာ​မောင်​လာ​နေပြီ ... အဲ့တာဂျူးရဲ့ချစ်​သူ​လေ မကြာခင်​လက်​ထက်​​တော့မှာ...
( ထိုစကားလုံးများက မင်းထက်​ရဲရင့်​ ရင်​ထဲကို အနုမြူဗုံး
အလုံးတစ်​ရာ​လောက်​ ကျဲချလိုက်​တဲ့အတိုင်းပင်​။
နှလုံးသားတစ်​ခုလုံး ​ကြွေမွပျက်​စီးသွားသလိုခံစားလိုက်​ရသည်​ )

ဂျူးရယ်​... ဘယ်​​​တွေ​ရောက်​​နေတာလဲ
မောင်​က​တော့အ​ပေါ်ထပ်​မှာ လိုက်​ရှာ​နေရတာ...

အော်​... သူငယ်​ချင်း​တွေ​တွေ့လို့ လာပြီးနှုတ်​ဆက်​​နေတာပါ...

မောင်​ ဒါက ကိုမင်းထက်​ရဲရင့်​တဲ့ ...

မင်းထက်​ ဒါက​တော့ မကြာခင်​ ငါနဲ့မကြာခင်​လက်​ထက်​​တော့မယ်
ငါ့ရဲ့ချစ်​သူ​ပေါ့ ကိုမင်း​ကျော်​​ခေါင်​ တဲ့...

အော်​... ဟုတ်​ ​တွေ့ရတာဝမ်းသာပါတယ်​ဗျ...

မင်းထက်​ရဲရင့်​ ထပြီး ကမန်းကတမ်း နှုတ်​ဆက်​လိုက်​ရ​လေသည်​။
အားတင်းပြီး ပြုံပြလိုက်​ရ​ပေမဲ့ ရင်​ထဲမှာ​တော့
ဒေါသမီး​တွေပြည့်​​နေသည်​။ ကိုယ့်​ကိုယ်​ ကို မ​ကျေနပ်​တဲ့ ​ဒေသမီး....

နှုတ်​ဆက်​ပြီးထွက်​သွား​သော... ထိုချစ်​သူစုံတွဲရဲ့ ​ကျောပြင်​နှစ်​ခုကို အသက်​မပါ​သော ​ကျောက်​ရုပ်​လို မင်းထက်​ရဲရင့်​ မျက်​စိတစ်​ဆုံး ​ငေး​မောကြည့်​​နေမိ​လေ​သည်​။ ​ဘေးနားက သူငယ်​ချင်း​သုံး​ယောက်​က​တော့ နားမလည်​​သော မျက်​လုံးများနှင့်​ ​ခေါင်းကုတ်​လျှက်​သာ
ရှိ​နေကြ​တော့​လေသည်​။

*အလှတရား​တွေကို မက်​မက်​​မော​မောရှာ​ဖွေခဲ့​သော သူတစ်​​ယောက်​အတွက်​ ထိုအလှတရားကပင်​ သူ့ကို ​ကောင်း​ကောင်းကြီး
ဒဏ်​ခက်​လိုက်​​လေသည်​....

                 ပြီးပါပြီ....

မြန်​မာစတီးမစ်​မှ ညီကို​မောင်​နှမများအားလုံး အချစ်​စစ်​နှင့်​အလှတရားကို ခွဲခြားသိမြင်​နိုင်​ကြပါ​စေလို့ ​တောင်းဆုပြုလျှက်​...

ကိုကိုမိုးဟိန်း
သစ်​အယ်​သီး

Author > KoKoMoeHein @myanmarkoko

MSC no.118