♥♥♥ ယုံကြည်နေပါ... ဒီကမ္ဘာကြီးမှာ... မင်းလေးကိုသာ
ငါအချစ်ဆုံး... မင်းလေးသာ ငါ့ရဲ့ဘဝ ၊ ငါ့အိမ်မက်...
ရင်ခုန်စေသော... ဒီအနမ်းတို့... ငါ့ရဲ့ရင်မှာ ထာဝစဉ်အမြဲ
စိုးမိုးတယ်... မင်းရဲ့ အကြည့် ၊ မင်းရဲ့ အပြုံး... ♥♥♥
ဒီသီချင်းလေး ဆိုညဉ်းမိတိုင်း သူမကိုသတိရမိပါတယ်။
သူမဆိုတာ ကျွန်တော့်ဘဝ အမှတ်တရတွေထဲက တစ်ခုပါ။
အရင်က ဒီသီချင်းလေးကို ညအိပ်ယာဝင်တိုင်း သူမက
ဆိုပြနေကြ။ အခုတော့ သူမရဲ့အသံချိုချိုတွေကြားချင်မိပေမဲ့
ဘယ်ဆီဘယ်ဝယ်ထွက်သွားမှန်းမသိတဲ့ သူမကို ဘယ်လိုနားလည်
မှုမျိုးနဲ့ နားလည်ပေးရမှန်းတောင် ကိုယ့်ကိုယ်ကို မသိတော့။
ဘာပဲဖြစ်ဖြစ် သူမကိုသတိရတိုင်း ဒီသီချင်းလေးကို ဆိုညဉ်းမိပါတယ်။
သူမပြန်လာသည်ဖြစ်စေ...သူမပြန်မလာသည်ဖြစ်စေ...
ဒီသီချင်းလေးက ကျွန်တော့်ဘဝထဲမှာ အမြဲတမ်းရှိနေမှာပါ...
အချစ်ဦးမဟုတ်ပေမဲ့...(Cover song)
ဒီသီချင်းရဲ့ မူရင်းအဆိုတော်တွေကတော့ အစ္စဏီ နဲ့ ဂျေမိုင်းမိုင်
ဖြစ်ပါတယ်...
KoKoMoeHein @myanmarkoko