လူဆိုသည်မှာ အချိန်တိုင်းတွေးနေတက်သည်။ မတွေးပဲ မနေနိုင်သော သတ္တဝါဖြစ်သည်။
ပျက်နေသော ရေပိုက်ကိုပြင်နေကြသည်။ ရေပိုင်ပြင်ဆရာက ပိုက်ပြင်နေရင်း သူ့တပည့်အား လှမ်းမေးသည်။
ဟေ့ယောင် မင်းဘာတွေးနေတာလဲ။
ဘာမှ မတွေးရပါဘူး။
မင်းရဲ့အတွေးကို ပြောကြည့်စမ်း။
တကယ်ပါဗျာ ဘာမှကို မတွေးမိပါဘူး။
အလကားကောင် ဘာမှ သုံးစားမရဘူး။
တွေးမနေတာနဲ့ပဲ အလကားကောင်ဖြစ်ရောလား။မှက်ထားဦးမှ။
တစ်နေ့တ၌ အိမ်ထဲရှိ ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင်ထိုင်ရင်း
ကျွန်တော် ကျကျနန ထိုင်တွေးနေ၏ ။ ဤအခြင်းရာကို ဦးလေးက
မြင်၍ စိတ်ဝင်တစားမေးသည်။
ဟေ့ ငါ့တူ ဘာတွေများ အဲ့လောက်ထိ စိမ်ပြေနပြေ ထိုင်တွေးနေတာတုန်း။
ဘာမှ မဟုတ်ပါဘူး။ ဒီလိုပါပဲ။
တစ်ခုခုတော့ တစ်ခုခုပဲ။
တစ်ခုခုပါဆို တစ်ခုခုပေါ့။ ဘယ်လိုလုပ်နှစ်ခုခုဖြစ်မလဲ။
ဉီးလေးက အရေးထဲ လာစားနေတယ်။
ကဲကဲ ထားပါ မင်းအတွေးကိုပြောပါဦး။
ဦးလေး သိချင်ရင် ပြေပြပါ့မယ်။ ကျွန်တော်တွေးနေတာက
လူတွေတကိုယ်လုံး မှာရှိတဲ့ အမွေးတွေက ဘာလို့ အတိုအရှည် မညီကြတာလဲ။
ဟာ ကွာ။ ဂေါက်တီးဂေါက်တောက်။ အရေမရအဖတ်မရတွေ
တွေးနေတာကိုး။
ကြည့် ... တွေးနေပြန်တော့လည်း အရေမရအဖတ်မရတဲ့။
တစ်နေ့ ကျွန်တော် သေသွားသည် ထင်သည်။ ငရဲပြည်သို့ရောက်၏။
ငရဲသားတွေက ကျွန်တော့်၏ ကုသိုလ်နှင့် အကုသိုလ်ကို ပိဿလေးနှင့် ချိန်ကြကာ အလှုပ်ရှုပ်နေကြ၏။ ချိန်ပြီးသောအခါ
ထူးဆန်းစွာ ငြိမ်သက်ပြီး တွေးတောနေကြ၏။ ငရဲသားတွေ၏
မျက်နှာသည် တစ်ခုခုကို အလိုမကျသည့်ပုံ။ ဤအခြင်းရာကို ငရဲမင်း မြင်သောအခါ။
ဟေ့ယောင်တွေ ဘာတွေများ အဲ့လောက်တွေးနေကြရတာလဲ။
ဒီလိုပါ ဒီတကောင့်သားရဲ့ အကုသိုလ်က တစ်ပိဿာ မပြည့်လို့
ဆီအိုးထဲ ထည့်မရဘူး။ ဒီကောင့် အကုသိုလ်က ကိုးဆယ့်ကိုးကျပ် သားပဲရှိတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာ တွေးနေကြတာပါ။
ဒါများကွာ ဒီကောင့်ကို လူပြည့်ပြန်ပို့လိုက် ။ သူရဲ့ အကုသိုလ်
တစ်ပိဿာပြည့်ရင် ငရဲပြည်ပြန်ရောက်လာမှာပဲ။ အဲ့ခါကျမှ
သူကို ဆီအိုးထဲ ထဲ့ကြော်ကြပေါ့။
အော်... ကျေးဇူးကြီးမားလှပါပေတယ် ငရဲမင်းရဲ့အတွေး။
တာယာမင်းဝေ၏ လူနံပက်၁၃ အားဖတ်ပြီး စိတ်ကူးပေါက်လာ၍
ရေးသားလိုက်ရပါသည်။
ကိုကိုမိုးဟိန်း