အတွေး ... (၁)

အတွေး ... (၁) ရင်ထဲက ခံစားချက်ကို ဘယ်လိုစကားလုံးနဲ့မှ ဖော်ထုတ်လို့မရဖြစ်နေတယ်။ ဖော်ထုတ်လို့ မရတာထက် မဖော်ထုတ်ရက်လို့ ဆိုရင် ပိုမှန်မယ်ထင်တယ်။ ရင့်သီးတဲ့စကားလုံးတွေ ခုန်ထွက်ကျလာမှာ စိုးလို့ပါ။ အခုတလော မကြ...

5 years ago, comments: 4, votes: 19, reward: $0.20

အတွေး ... (၁)

ရင်ထဲက ခံစားချက်ကို
ဘယ်လိုစကားလုံးနဲ့မှ ဖော်ထုတ်လို့မရဖြစ်နေတယ်။
ဖော်ထုတ်လို့ မရတာထက် မဖော်ထုတ်ရက်လို့
ဆိုရင် ပိုမှန်မယ်ထင်တယ်။ ရင့်သီးတဲ့စကားလုံးတွေ
ခုန်ထွက်ကျလာမှာ စိုးလို့ပါ။

အခုတလော မကြာခဏ ဆိုညဥ်းဖြစ်နေတဲ့
ဟန်နီတာ သီချင်းလိုဆိုရင်...

ကိုယ်ခံစားရတာ ကိုယ်ကိုယ်တိုင်ပဲသိတယ်
ဘယ်သူကိုယ်ချင်းစာပေးမှာလဲ
ငါ့နေရာလေး... အဲ့လိုမျိုးပေါ့။

၈ နှစ်ဆိုတဲ့ အချိန်တွေ ကြွေလွင့်ခဲ့ပေမဲ့
ကြီးကြီးမားမား
ကိုယ်ပိုင်ဆိုင်ခဲ့တာဆိုလို့
၂၀၁၄ ခုနှစ်က ဝယ်ခဲ့တဲ့
ဆိုင်ကယ် နက်ဝါကြားလေးရယ်
၂၀၁၆ ခုနှစ်က ရည်မှန်းချက်အတွက်
အရေးပါတယ်ထင်ပြီး ဝယ်ယူခဲ့တဲ့ တပက်ရစ်
တိုရှိဘာ ကွန်ပြူတာကလေးရယ်
ကိုယ်ပြုသမျှကို နုခံနေရတဲ့
လက်ရှိ V7 Phone ကလေးရယ်...

ရည်မှန်းချက်တွေကို ခေါင်းအုံးအိပ်ပြီး...
မျှော်လင့်ချက်တွေနဲ့ နိုးထစေခဲ့တယ်။
လူငယ်ပီပီ တဒင်္ဂတွေကို ထာဝရထင်ပြီး...
ကိုယ့်ကိုစူးမဲ့ ဆူးတွေကို စိုက်ပျိုးမိခဲ့တယ်။
လောကဓံရဲ့ အနိမ့်အမြှင့် လှိုင်းလုံးတွေကြား
ကိုယ့်လှေငယ်လေး တက် ကျိုးခဲ့ရတဲ့အဖြစ်။
တက် ကျိုးရင် လက်နဲ့လှော်...
လက်ကျိုးသွားရင်ရော... ပလုံစွပ်။

စိတ်ဒဏ်ရာတွေများလာရင်
ဘာကိုမှ အလေးနက်မထားချင်တော့...
ကိုယ့်ကို ဘယ်လိုမြင်မြင် ဂရုမစိုက်ချင်တော့...
အမှားဆိုလည်း မပြင်ချင်တော့...
အမှန်ဆိုလည်း မမြင်ချင်တော့...
အားလုံးဟာ ကပြောင်းကပြန်...

လူဆိုတာ အမှားနဲ့မကင်းဘူးတဲ့...
သိလို့မှားမှား မသိလို့မှားမှား ခေါင်းငုံ့ခံခဲ့ရတဲ့
နေ့တွေလည်းရှိခဲ့တယ်။
ကိုယ့်ကို နာကျင်အောင် လုပ်တဲ့လူတွေကို
ကျေးဇူးတင်လိုက်ပါတဲ့ သူတို့ကြောင့်
ကိုယ်နောက်တစ်ခါ လွယ်လွယ်နဲ့ မယုံတက်တော့ဘူးတဲ့...
အဲ့သလိုသာ ကျေးဇူးတင်ရရင် သူတို့ကျေးဇူးတွေ
ကျွန်တော်ပေါ်မှာ တပုံတပင်
ဘယ်လိုပြန်ဆပ်ရမလဲ...

IMG_20191001_101507.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko