အသင့်ပဲ

အသင့်ပဲ စစ်ခွေးတဲ့ အသံကြားရုံနဲ့ အော့နှလုံးနာခဲ့တာ ခုလို မျက်လုံးရှေ့မှာ မြင်လိုက်ရတော့ သွေးတွေ ပွက်ပွက်ဆူလာတယ်... ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေအတွက် သူ...

4 years ago, comments: 0, votes: 11, reward: $0.30

အသင့်ပဲ

စစ်ခွေးတဲ့
အသံကြားရုံနဲ့
အော့နှလုံးနာခဲ့တာ
ခုလို မျက်လုံးရှေ့မှာ မြင်လိုက်ရတော့
သွေးတွေ ပွက်ပွက်ဆူလာတယ်...
ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေအတွက်
သူတို့သွေးကို သောက်ချင်လာတယ်...
လူယဥ်ကျေးတစ်ယောက်မဟုတ်ပေမဲ့
လူစိတ်ရှိတဲ့ ကျွန်တော်
လူရိုင်းတစ်ယောက်လို ခက်ထန်လာတယ်...
လက်နက်ရှိမှ လက်ခမောင်းခက်တက်တဲ့
စစ်ခွေးတွေထက် ဘာလက်နက်မှ မရှိပဲ
အဓမ္မကိုတွန်းလှန်နေတဲ့ လူငယ်တွေရဲ့ သွေးက
ပိုပြီး ရဲရဲနီတယ်...
မင်းတို့တွက် အသက်တစ်ချောင်းက
တန်ဖိုးမရှိပေမဲ့ ငါတို့အတွက်တော့
အဖိုးမဖြတ်နိုင်ဘူး... အလကားတော့
မင်းတို့လက်တည့်စမ်းစရာ အဖြစ်မခံဘူး...
လက်နက်ချင်းတိုက်ရမဲ့ တစ်နေ့
အမှန်တရားအတွက် အသက်ကိုပေးဖို့...

အသင့်ပဲ...

img_0.19792158924821546.jpg
Image credit

သစ်အယ်သီး

@myanmarkoko

Tue Mar 23 / 21