တစ်ကမ္ဘာလုံး တွင်ကူးစက်ပျံ့နှံ့နေသော Covid-19 ရောဂါကြောင့် အလုပ်ကိုင်များပျက်ရကား ပြင်ဦးလွင်မြို့လေး၏
အမေ့အိမ်တွင် တစ်လလောက်ခိုလုံ အနားယူရပေဦးမည်။
လတ်တလောခေတ်စားနေသော စကားဖြင့်ပြောရလျှင်
အိမ်မှာ အိပ်လိုက်စားလိုက် အနားယူရင်း ကမ္ဘာကြီးအား
ကယ်တင်ရတော့အံ...
ဤသို့ဖြင့် မိမိနေအိမ်တွင် ဖုန်းလေးအား အချိန်ရှိသ၍ ပွတ်ရင်းဖြင့်
အပျင်းဖြေနေရ၏။ တစ်ခုတော့ကောင်းပေသည် စာများရေးရင် Hive စျေးနှုန်းအတက်အကျလေးများကို လေ့လာနိုင်သောကြောင့်ဖြစ်သည်။
နေ့ခင်းပိုင်းတွင်တော့ အနီးနားရှိ ချောင်းလေးသို့ ရေချိုးရန်သွားခဲ့သည်။ ပြင်ဦးလွင် မြို့၏ရာသီဥတုမှာ နွေရာသီ ဆိုပေမဲ့ ခပ်အေးအေးလေးသာရှိသေးသည် အတော်လေးကို နေလို့ကောင်း၏။
ချောင်းငယ်လေးပေမဲ့ ရေစီးကတော့အတော်လေးကောင်းသေး၏
အနီးနားမှာ တောင်သူများမှာ ဤချောင်းငယ်မှ ရေများကို သွယ်ယူ၍ စိုက်ပျိုးရေး လုပ်ကိုင်ကြ၏။
ယနေ့ နားရက်အား အကျိုးရှိရှိအသုံးချနိုင်ခဲ့ပေသည်။
နောက်များမှာလည်း ဘယ်လို ရှုခင်းများကို မျှဝေပေးသွားမလဲဆိုတာ
စောင့်မျှော်ပေးကြပါဦးဗျာ...