အချစ်စစ်နှင့် မရှိမဖြစ်

စတီးမစ်တွင် တင်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။ ဤစာစုလေးသည် Steemit တွင်တင်ခဲ့ခြင်းဖြစ်ပါသည်။ Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင် Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်...

5 years ago, comments: 6, votes: 18, reward: $1.67

စတီးမစ်တွင် တင်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။
ဤစာစုလေးသည် Steemit တွင်တင်ခဲ့ခြင်းဖြစ်ပါသည်။
Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင်
Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်။

အချစ်စစ်

ကျွန်တော်ပေးထားသော ဆောင်းပါးခေါင်းစဉ်ကိုမြင်ပြီး ကိုကိုမိုးဟိန်းကတော့ အချစ်နယ်မှာ ဆရာတစ်ဆူလို့တော့ မထင်လိုက်ပါနှင့် အရင်တစ်ပက်က ကျွန်တော်ဖတ်ဖြစ်ခဲ့သော ငွေတာရီ၊ ၀တ္ထုတိုပေါင်းချုပ် ထဲမှ ၀တ္ထုတိုလေးတစ်ပုဒ်ကြောင့် ကျွန်တော့်အတွေးများ ဘောင်ဘင်ခက်ခဲ့ရပြီး ယခုလို စီးစီးနင်းနင်း အချစ်စစ်ဆိုသည်မှာ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတော့သည်။

ငွေတာရီ ၀တ္ထုတိုပေါင်းချုပ်သည် ပထမဆုံး ကျွန်တော်ဖတ်မိသော နိုင်ငံကျော် စာရေးဆရာမကြီး ငွေတာရီ၏ စာအုပ်ဖြစ်ပါသည်။
ယခင်က တက်ကြမ်းများသာ အဖတ်များခဲ့ပြီး ရသစာပေများကို မဖတ်ဖြစ်ခဲ့ပေ။လူငယ်ပီပီ တိုးတက်ကြီးပွားချင်စိတ်ကသာများခဲ့ပေသည်။ အသက်က ၂၄ ကျော်လာ၍လားမသိ ရသစာပေများကို ခံတွင်းတွေ့နေပြီး ထူးထူးခြားခြား နှစ်ခြိုက်မိနေခြင်းဖြစ်သည်။ မဆီမဆိုင် ဘာတွေရေးနေမိမှန်းမသိ၊ ပေးထားသော ခေါင်းစဉ်နှင့် လွဲသွားမည်စိုး၍ တိုတိုတုတ်တုတ် လိုရင်းကိုသာဆက်ပါတော့မည်။

ကမ္ဘာရွေ့စေတော့ ဝေဇင့်ကိုကား ကျွန်တော်မေ့၍ မရနိုင်တော့ပါ ..

၀တၴုတိုလေး၏ ခေါင်းစဉ်မှာ ေ၀ဇငျ ဖြစ်သည်။ ေ၀ဇငျဆိုသော မိန်းမပျိုလေးသည် ၂၃နှစ် အရွယ်တွင် အိမ်ထောင်ကျခဲ့ပါသည်။ ေ၀ဇငျ သည် မိန်းမချင်းငေးရလောက်အောင်ပင် လှပနုပျိုသော မိန်းမပျိုလေးဖြစ်ပြီး ပုရိသတို့၏ အသဲကို ကိုင်လှုပ်နိုင်သော အလှထွဋ်ခေါင် နတ်မိမယ်လေးတစ်ပါး ကဲ့သို့ပင် ချောမောလွန်းလှပေသည်။ အိမ်ထောင်ကျပြီး ၅နှစ်ကြာသော် မျိုးချစ်စိတ်ကြီးတဲ့ လင်ယောကျာ်းဟာ နယ်ချဲ့အင်္ဂလိပ်တို့ကိုတော်လှန်ဖို့ ဗမာ့တပ်မတော်ထဲကို ၀ငျခဲ့သညျ။ တော်လှန်ရေးပြီး၍ ပြန်လည်ရောက်ရှိလာရာ မျိုးချစ်ကြီးမှာ မျက်မမြင် ဒုက္ခိတ တစ်ယောက်ဖြစ်နေခဲ့ပါတော့သည်။ ဤကဲ့သို့ လင်ယောကျာ်းမှာ ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ေ၀ဇငျမှာ သူမ၏ ခင်ပွန်းအပေါ် ညည်းညူမှု တစ်ချက်မပြုခဲ့ပဲ၊ မိမိ၏ခင်ပွန်းအပေါ် ပြုစုယုယကြင်နာခဲ့သည်။ ဤအချင်းအရာကို မြင်ပြီး တအံ့တျသ ဖြစ်နေသော အိမ်နီးနားချင်းအဖြစ် အသစ်ရောက်ရှိလာသော မိတ်ဆွေက ေ၀ဇငျအား အဘယ့်ကြောင့် ယခုကဲ့သို့ မျက်မမြင် ဒုကိ္ခတ လင်ယောကျာ်းအပေါ် စိတ်ပျက်ခြင်းမရှိပဲ လိုလေးသေးမရှိ မယား၀တ်တရားကျေပွန်အောင် ပြုစုလုပ်ကျွေးနေရသလဲ ဟု ဂရုဏာသက္စြာ မေးမြန်းသောအခါ ေ၀ဇငျက-

ကြ်န္မဟာ လွန်ခဲ့တဲ့အသက်၂၃နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့တယ်။ ကျွန်မယောကျာ်းဟာ ကြ်န္မကို တစ်နေ့လုံးထိုင်ပြီး တစိမ့်စိမ့်ကြည့်နေနိုင်အောင်ထိ ကြ်န္မကို စွဲလမ်းစုံမက်ခဲ့တယ်။ အခုကျွန်မအသက်ဟာ ၃၃ နှစ်ရှိပြီး ရုပ်ရည်ဟာလည်း အရင်ကလောက် မနုပျိုတော့တယ်။ သို့ပေမဲ့ ကျွန်မယောကျာ်းဟာ ကြ်န္မကို ၂၃ နှစ်အရွယ်တုန်းကလိုမျိုး သူ့စိတ်ထဲမှာထင်မှတ်ပြီး ချစ်မြဲတိုင်းချစ်ပြီး တွယ်တာမြတ်နိုးစုံမက်နေဦးမှာပဲ။ ဒီလိုပဲ ကျွန်မအသက် ၆၀ ကျော်လာတဲ့အခါ ကျွန်မရုပ်ရည်ဟာ ဘယ္သူကမွ ၂၃နှစ်အရွယ်ကလိုမျိုး လှပနုပျိုဆဲလို့ ထင်မှက်ပြီး ခံစားနိုင်ကြမှာမဟုတ်ဘူး ။ ကျွန်မပါးပြင်ဟာ အတွန့်တွန့်လိပ်နေပြီး၊ သွားများလည်းကျိုးနေပေလိမ့်မည်။ သို့ပေမဲ့ မျက်မမြင် ဒုကိ္ခိတ ကျွန်မရဲ့ လင်ယောကျာ်းကတော့ ကြ်န္မကို ၂၃နှစ်ကလိုမျိုး လန်းဆန်းဆဲ၊ နုပျိုဆဲ၊ စွဲမက်ဖွယ်ကောင်းဆဲလို့ သူစိတ်မှာစွဲစွဲမြဲမြဲ မလျော့တဲ့အချစ်တွေနဲ့ ချစ်နေအုံးမှာပဲ။ ဒါကြောင့် ကျွန်မရဲ့ လင်ယောကျာ်း မျက်မမြင် ဒုကိ္ခိတ ဖြစ်သွားတာကိုပဲ ပျော်ရမလိုလို၊.။
အသံကပြောရင်း ေ၀ဇင့ျအသံမှာ သိမ်၀င်သွားသည်။ သိမ်၀င်သွားရခြင်းမှာ လင်ယောကျ်ား မျက်မမြင် ဒုက္ခိတဖြစ်သွားခဲ့ခြင်းကြောင့် မိမိလင်ယောကျ်ားအတွက် စိတ်မကောင်းဖြစ်ခြင်း ဖြစ်ပေလိမ့်မည်။ ပျော်မလိုလို ဟုဆိုသည်ကား သူမ၏ လင်ယောကျ်ားမှာ သူမကို တသက်လုံးစွဲစွဲမြဲမြဲ ချစ်ခင်စုံမက်သွားမည်ကို တွေးပြီး ပျော်မိခြင်းဖြစ်ပေလိမ့်မည်။

၀တၴုတိုအကဉြျးခြုပျကတော့ ဤမျှပင်ဖြစ်သည်။ ကျွန်တော်ရေးသားသည်မှာ လိုအပ်ချက်များစွာရှိနေပေလိမ့်မည်။ ဆရာမေငြတာရီ၏ ဖွဲ့နွဲ့ရေးသားထားပုံမှာ စာဖတ်သူရင်ထဲကို နစ်၀င်သွားစေသည်။ ဖတ်ချင်သူများ ငှတောရီ၀တၴုတိုပေါငျးခြုပျထဲတှငျ ရှာဖတ်နိုင်ပါသည်။ ၀တၴုတိုလေးကပွီးသှှားပမေဲ့ ကျွန်တော့်အတွေးတို့က တွေးကောင်းဆဲမျှောကောင်းဆဲပင်ဖြစ်သည်။ အချစ်ဆိုသည်မှာ မည်သို့နည်း ။ ကျွန်တော့်အမြင်တွင်တော့ အချစ်ဆိုသည်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုမျိုး အပြန်အလှန် အမှီတဟဲပြုနေကြရသော ထိတွေ့ကိုင်တွယ်၍မရသော စိတ္တဇနာမ်တစ်ခုပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။

ဤ၀တၴုတိုလေးအား ဖတ်မိပြီးနောက် ကျွန်တော်၏ လုပ်ဖော်ကိုက်ဖက် အမတစ်ယောက်အကြောင်းကိုပြေးမြင်မိသည်။ ထိုအမတွင် ယောက်ျားနှင့် သမီးကလေးတစ်ယောက်ရှိသည်။ ထိုအမသည် အလုပ်ကိုနှစ်ဆလုပ်သည်။ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်ရင်း ထီးများရောင်းချသည်။ အလုပ်ကပြန်လာလျှင်လည်း အသိမိတ်ဆွေများထံသို့ မကုန်သေးသော ထီလက်မှက်များကို လိုက်လံရောင်းချရသေးသည်။ ထိုမွ်မကေသး အိမ်ပြန်ရောက်လျှင်လည်း ထမင်းဟင်းချက်ပြုပ်ရသေးသည်။ အိမ်မှုကိစ္စအ၀၀ကို လုပ်ရသေးသည်။ ထို့မျှနှင့်လည်း မပြီးသေး ထိုအမ၏ ယောကျ်ားမှာ အိမ်ထောင်ကျပြီး ၃နှစ်ကြာပြီးနောက် အတက်ရောဂါ(၀ကျရူးပွနျ) စွဲကပ်လာသောကြောင့် ဒုကိ္ခိတ လင်ယောကျ်ားအား ပြုစုရသေးပေသည်။ တခါတော့ ထိုအမနှင့် စကားလက်ဆုံပြောမိရာမှာ ထိုအမအား -

အခုလို အမ ရုန်းကန်လုပ်ရှားနေရတာ မပင်ပန်းဘူးလားဟု မေးမိပါသည်။ ထိုအမပြန်ပြောသည်ကတော့-

ငါ့မောင်ရယ် ပင်ပန်းတယ်လို့တော့လည်း ဘယ်ဟုတ်မလဲ။ ကံတရားကိုပဲ အပြစ်ပုံချရတော့မပေါ့။ ငါ့ယောကျ်ား သန်မာကျန်းမာခဲ့စဉ်တုန်းကလည်း အမတို့သားအမိကို လိုလေးသေးမရှိ ကျွေးမွေးစောက်ရှောက်ခဲ့တာပဲ။ ကဲ အခုလို သူဒုကိ္ခတ ဘ၀ရောက်တော့လည်း အမကပြန်ပြီး ပြုစုစောင့်ရှောက်ရမပေ့ါ့ ဟုတ္ဖူးလား။ ဒီလိုပဲလဲ မေတ္တာဆိုတာ အတုန့်အလှည့်ရှိမပေါ့။

ဟာ အမလိုမိန်းမမျိုးကတော့ အခုခေတ်မှာ ရှားသွားပြီ။ တစ်ရာမှာတစ်ယောက်ပဲ ။ အမကိုတကယ်လေးစားမိတယ် ဟု ကျွန်တော်ပြောလိုက်မိတော့ ထိုအမက-

အင်း အမကလည်း အဲ့ဒီတစ်ရာမှာ တစ်ယောက်ဖြစ်ခွင့်ရလို့ ကျေနပ်နေတာ

ထိုသို့ ပြုံးရယ်ကာ ပြောပြီးထွက်သွားခဲ့သည်။ထိုအမမှာ အသက်အရွယ်အားဖြင့် ၃၀ ဆိုပေမဲ့ ၂၃ နှစ်အရွယ်မိန်းမပျိုလေးကဲ့သို့ပင် နုဆဲ ထွတ်ဆဲပင်ဖြစ်သည်။ ဤကဲ့သို့ လောကဓံ၏ အထုအထောင်းကြားမှာ အစွမ်းကုန်ပွင့်လန်းနေတဲ့ ပန်းလေးတစ်ပွင့်ကို ဤဆောင်းပါးဖြင့် အသိအမှတ်ပြုလိုက်ရပါသည်။

မရှိမဖြစ်

** မရှိမဖြစ်လိုအပ်ချိန်မှာ တိတ်တိတ်လေးပုန်းနေခဲ့ပြီးမှ
မရှိရင်ဖြစ်တယ်ဆိုမှ ဘာလို့ လျော့ဈေးနဲ့ လာလာရောင်းနေရသလဲ
မိန်းခလေးရယ် . **

မရှိမဖြစ်။ ဒီစကားက အချစ်ရေးနဲ့ပက်သက်လာရင် လူငယ်တွေကြားမှာ ရေပန်းစားတဲ့စကားလုံးပေါ့။ ဟုတ်ပါတယ်၊ သူမ မရှိရင်မဖြစ်ဘူးလို့ ကျွန်တော့်အသွေးသားတွေ တောင်းဆိုချိန်တုန်းက သူမဟာ တိမ်တွေထဲမှာ ပုန်းနေတဲ့လမင်းလို အေးမြခြင်းတွေကို သို၀ှကျထားခဲ့တယျ။
သူမရဲ့အသံလေးမကြားရရင် မနေနိုင်လို့ ခနခန ဖုန်းခေါ်တော့ အလုပ်မအားဘူးဆိုပြီး ဖုန်းပိတ်ခဲ့တယ်။
သူမရဲ့ မျက်နှာလေး မမြင်ရရင် မနေနိုင်လို့ သူမအလုပ်ဆင်းမဲ့ အချိန်စောင့်ပြီး ခိုးခိုးကြည့်တာတောင် ငြိုငြင်တဲ့အကြည့်နဲ့ တုန့်ပြန်ခဲ့တယ်။
အရာရာ သူမအတွက်စိတ်ပူပြီး အရိပ္လို ခိုကပ်ခဲ့တယ်။ ဒါပေမဲ့ သူမကေတာ့ အနှေက်ယှက်လို သဘောထားတယ်။ ကျွန်တော့်ကို မြင်တာနဲ့ မသိသလို ရှောင်ဖယ်သွားတယ်။ သူမက အပျိုမာန်တွေထောင်ပြီး ၀င့ျကွှားနတေဲ့ ပင်ယံထက်က ပန်းသဇင်တဲ့လေ။ နာမည်လေးနဲ့ လိုက်အောင် ယှဉ်ယှဉ်လေးနဲ့ လှတဲ့သူလေးပေါ့။

ကျွန်တော့်ရဲ့ နှလုံးသားတောငျကုနျးတဈ၀ိုကျ အချစ်ရာသီဥတုဖောက်ပြန်ခဲ့တယ်။နေ့ဘက်မှာဆို သူမဟာ ပူလောင်တဲ့နေမင်း ၊ ညဘက်မှာဆို ကွယ်နေတဲ့လမင်း။ ဒါတင်မကသေးဘူး အကြီးကျယ်ဆုံးမုန်တိုင်းတိုက်ခက်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ နှလုံးသားတစ်ခုလုံးကို မွှေနှောက်သွားခဲ့တဲ့နေ့။ အဲ့ဒီနေ့က သူမ တစ်ခြားကောင်လေးတစ်ယောက်ရဲ့ လက္ကို မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားတဲ့နေ့ပါပဲ။

အသည်းကွဲဒဏ်ရာဗလပွနဲ့ အရူးတစ်ပိုင်းဖြစ်နေတဲ့ ကျွန်တော့်ရဲ့ နှလုံးသားကို ကုစားဖို့ အချိန်ဆိုတဲ့ဆေးကို မှန်မှန်သောက်ရင်း အခုတော့ သူမကို ကျွန်တော့ရင်ဘက်ထဲက ထွက်ခွာခွင့်ပေးနိုင်ခဲ့ပါပြီ။ မှန်မှန်စား မှန်မှန်အိပ် အလုပ်ထဲမှာပဲ စိတ်နှစ်ပြီး သူငယ်ချင်းတွေနဲ့ အချိန်ပေးရင် သူမကို ကျွန်တော့နှလုံးသားထဲက တိုက်ထုတ်နိုင်ခဲ့ပြီ။ လွယ်လွယ်လေးနဲ့တော့ ရခဲ့သည်မဟုတ် ၊ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရတယ်လို့ ပြောကြတယ်မဟုတ်လား။ ကိုယ့်မေတ္တာတရားတွေကို ဥပစ္စခါ ပြုခဲ့တဲ့သူမကို ခပ်နာနာလေးတွေးရင်း အလွမ်းတွေကို ဖြေခဲ့ရတယ် သိပ်တော့မလွယ်ဘူးပေါ့။ ဟာ လြယ္ကိုမလြယ္တာပါဗ်ာ။

ဒီလိုနဲ့ တူညီတဲ့နေ့တွေကို ပုံစံတူဖြတ်သန်းရင်း ကမ်ဘာကြီးအရမ်းကျဉ်းမှန်းသိခဲ့ရတယ်။ တသက်လုံး သူမနှင့် တွေ့စရာအကြောင်းမရှိတော့ဘူးလို့ တွေးထားတာ။ တစ်နေ့က လမ်းမှာသူမနှင့် အမှတ်မထင် ဆုံတွေ့ခဲ့တယ်။ အံ့သြစရာကောင်းတာက သူမက အရင် စပြီးကျွန်တော့်ကို ပြုံးပြတယ်ဗျ။ ကျွန်တော်လည်း အလိုက္တသိ ပြန်ပြုံးပြလိုက်ပါတယ်။ ပြီးတော့ သူမကပဲ စကားစပြောလာတယ် ။ နေကောင်းလားတဲ့။ ကျွန်တော့်စိတ်ထဲမှာ တွေးမိလိုက်တာက သူမဆေးမှားသောက်လာသလားပေါ့။ ဒီလိုနဲ့ အလာပသလာပ ပြောရင်း သူမက ကျွန်တော့် ရေလာမြောင်းပေးစကားတွေဆိုလာတယ်ဗျ ။ တစ်ယောက်တည်းပဲလား ကောင်မလေးမရှိသေးဘူးလားတဲ့။ ကျွန်တော်ကလည်း ဘာလို့အခုမှ ဒါတွေလာပြီးမေးနေရတာလဲ ပြောတော့ ။ သူမက ဒဲ့ပဲပြောတယ်ဗျ၊ ငါအရင်ကောင်လေးနဲ့ ပြက်သွားပြီတဲ့။ ဘာလို့လဲမေးတော့ ။ ငါ့ကိုထားသွားပြီး တစ်ခြားတစ်ယောက်နဲလက်ထပ်သွားတယ်တဲ့။ အော်စိတ်မကောင်းပါဘူးဟာ လို့ အလိုက်သင့်ပြောပြီး စကားဖြတ်ကာ ကျွန်တော်လည်း ရှောင်ထွက်လာခဲ့တယ်။

သိပ္မျကာပါဘူး ကမ်ဘာကြီးပိုပိုကျဉ်းလာမှန်းသိခဲ့ရတယ်။ ဒိုင်မွန်း ပလာဇာက အမျိုးသမီးအ၀တ်စားဆိုင်ရှေ့မှာ သူမနှင့် ထပ်ဆုံပြန်ပါတယ်။

ဟယ် . နင်ဘယ်လိုရောက်လာတာလဲ ။

ဒီလိုပါပဲ။

နင်ကအရင်လိုပဲ ငါနေရခက်အောင် သိပ္လုပ္တာပဲ။ ငါ့နောက်လိုက်တယ်ဆို လိုက်တယ်ပေါ့။ အေးပါ. နင့်ကို ငါစဉ်းစားပေးပါ့မယ်ဟာ ဟင့်ဟင့် ။ လာဆိုင်တစ်ဆိုင်သွားပြီး မုန့်စားရအောင်။

ဟား ဟား ဟား .

နင်ဘာရယ်တာလဲ။

အော်မဟုတ်ပါဘူး အစွယ်ကြိုးနေတဲ့ ခြငေ်္သ့မက မာန်လာဖီနေတာ သိပ်ရယ်စရာကောင်းနေလို့ပါ။

ဘာ !!!! .. ။

နင့်နောက်ကို ငါကဘာလို့ လိုက္လာရမွာလဲ။ နင်က ငါ့ရင်ဘက်ထဲမှာ သေသွားတာကြာလှပြီ။ ကိုယ့်ကိုယ်ကို သိပ်ပြီးအထင်တွေ ကြီးမနေနဲ့ ။( အဲ့ဒီအချိန်မှာပဲ ဆိုင်ထဲက ကောင်မလေးတစ်ယောက်ထွက်လာသည်။)

အော် . ချစ်။ ချစ်ကိုမိတ်ဆက်ပေးရဦးမယ်၊ ဒါမောင့် သူငယ်ချင်းလေ။ မေသဇင်တဲ့။
( သူမမျက်နှာ နီရဲပြီး ရှက်သွားတယ်)

ကဲ. ငါတို့ သွားစရာလေးရှိလို့ ခွင့်ပြုပါဦး သူငယ်ချင်း ။
လာ ချစ်သွားရအောင်။

မရှိမဖြစ်လိုအပ်ချိန်မှာ တိတ်တိတ်လေးပုန်းနေခဲ့ပြီးမှ
မရှိရင်ဖြစ်တယ်ဆိုမှ ဘာလို့ လျော့ဈေးနဲ့ လာလာရောင်းနေရသလဲ မိန်းခလေးရယ်...

gbanlv.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko

Jul 16 20