မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းသည် လွန်ခဲ့သော
၂၀၂၀ ခုနှစ်၊ ၈ လပိုင်းတွင် ရခိုင်ပြည်နယ်မှ စတင်
ခဲ့သည်။ ထိုနောက်ပိုင်းတွင်တော့ မြန်မာနိုင်ငံ၏
ရန်အပေါင်းချုပ်ငြိမ်းခဲ့ရသော သမိုင်းတွင်သည့်
ရန်ကုန်မြို့ကြီးသည် ကိုဗစ်၏ဒဏ်ကို အလူးအလဲ
ခံစားနေရသည်။ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေး
မြို့သည်လည်း ရန်ကုန်လောက်မဆိုးပေမဲ့ မြို့နယ်
အတော်များများ Lock down ချထားရသော
အနေထားသို့ ရောက်ရှိနေပေပြီ။
သို့သော် ကျွန်တော်နေထိုင်ရာ
တောင်ပေါ် ဒေသဖြစ်တဲ့ ပြင်ဦးလွင်မြို့လေးက
တော့ ပိုးတွေ့ လူနာ ၅ ယောက်ခန့်နှင့်(အတိကျမသိ)
အေးအေးချမ်းချမ်းလေးရှိခဲ့ပေမဲ့ ယနေ့ ၂၀၂၀ခုနှစ်၊
၁၀ လပိုင်း၊ ၃ ရက်နေ့တွင် ကျွန်တော်နေထိုင်ရာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၇) အနီးစခန်း၊ နွယ်နင်းကျေးရွာတွင် ပိုးတွေ့ လူနာတစ်ယောက်
စတင်တွေ့ရှိခဲ့ပါသည်။ ကိုဗစ်ကူးစက်လူနာနှင့်
ထိတွေ့ဆက်ဆံခဲ့သော လူ၁၆ယောက်အားလည်း
ခေါ်ဆောင်ကာ စစ်ဆေးလျှက်ရှိပါသည်။ ဤကဲ့သို့
ရောဂါပိုး ကူးဆက်ပြန့်ပွားရခြင်းမှာ စည်းကမ်းမရှိ
သော၊ အသိတရားမရှိသော၊ ကိုယ့်ကျိုးစီးပွား
အတွက်သာ ကြည့်တက်ကြသော မြန်မာပြည်သူများ
ကြောင့်ဖြစ်ပါသည်။
ထိုပိုးတွေ့လူနာမှာ အဘယ့်ကြောင့် ရောဂါပိုးကူးစက်
ခံခဲ့ရသနည်း။ အဖြေကတော့ စည်းကမ်းလိုက်နာမှု
မရှိပဲ Lock down ချထားသော ရန်ကုန်မြို့သို့
ကုန်တင်ကားဖြင့် ပန်းများကို ခိုးကြောင်ခိုးဝှက်
သွားရောက်တင်ပို့ခဲ့ရာမှ ရောဂါပိုးကူးစက်ခံခဲ့ရသည်
ဟု သိရပါသည်။ ဘာကြောင့် ယခုလို လုပ်ရပ်မျိုးကို
လုပ်ရပါသနည်း။ စီးပွားရေးကြောင့်လား။
အဲ့သလိုဆိုလျှင် တစ်တိုင်းပြည်လုံး စီးပွားပျက်နေကြ
ရတာပဲ မဟုတ်လား။ ကျွန်တော်ကတော့ ထိုကိုဗစ်
ငမိုက်သားလေးသည် မတော်လောဘဇောကြောင့်
ယခုလို ကပ်ဆိုးမိသွားတာဟု သတ်မှတ်လိုက်
ပါသည်။
အခုတော့ တစ်ဦးတစ်ယောက်၏ အသိဉာဏ်ကင်းမဲ့
သည့်လုပ်ရပ်ကြောင့် အများပါဒုက္ခရောက်ကြရတော့
မည်။ ပြည်သူများ ကျန်းမားရေး အသိရှိကြဖို့
တိုက်တွန်းရင်းနဲ့ အိမ်တွင်းအောင်းနေရတဲ့ ဆင်းရဲ
ဒုက္ခက အမြန်ဆုံးကင်းလွတ်ကြပါစေ...
ကိုကိုမိုးဟိန်း
KoKoMoeHein