အပြုံးရဲ့နောက်ကွယ်က မျက်နှာ

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေဗျာ... ဒီတစ်ပက်တော့ လုပ်ငန်းခွင်ထဲတွင် တွေ့ကျြုံနေရတဲ့ လူတွေအကြောင်း အနည်းငယ်ပြောပြချင်၊ ရေးချင်မိ၍ ယခုဆောင်း...

7 years ago, comments: 29, votes: 54, reward: $3.91

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံနိုင်ကြပါစေဗျာ...

ဒီတစ်ပက်တော့ လုပ်ငန်းခွင်ထဲတွင် တွေ့ကျြုံနေရတဲ့
လူတွေအကြောင်း အနည်းငယ်ပြောပြချင်၊ ရေးချင်မိ၍
ယခုဆောင်းပါးတိုလေးအား ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

adult-beautiful-face-774866.jpg

မျက်နှာဆိုတာ လူတိုင်းက အရေးတယူနှင့် တန်ဖိုးထားကြသော
အရာဖြစ်ပါသည်။ မနက်မိုးလင်းတာနှင့် ကိုယ်လက်သန့်စင်ကာ
မှန်ရှေ့မှာ ရပ်ပြီး မိမိ၏မျက်နှာအား မကြည့်သူဆိုတာ
မရှိသလောက်ကိုရှားပေလိမ့်မည်။ မျက်နှာ အမျိုးမျိုးရှိ၏
စက်ဝိုင်းပုံ၊ ဘဲဥပုံ၊ တြိဂံပုံ၊ လေးထောင့်ပုံ
တို့ဖြစ်ကြသည်။ လူတိုင်းက မိမိ၏ မျက်နှာကို ဂရုစိုက်ကြသည်။
ခန္ဓာကိုယ်ပေါ်ကတစ်ခြားနေရာမှာ အနာပေါက်ခြင်းထက်
ဝက်ခြံသေးသေးလေးတစ်လုံး မျက်နှာပေါ်ပေါက်ခြင်းကို
ပိုပြီးဂရုစိုက်သည်။ လူဆိုတာ အလှနှင့် အချစ်ကို တန်ဖိုးထား
ကြသူများဖြစ်ကြ၏။ စာအုပ်တစ်အုပ်တွင်ဖတ်ဖူးသည်။ ပလေတိုနှင့်
ဆိုကရေးတီး တို့ထက်ရှေးကြသော ကဗျာဘိုးအေ"ဟိုးမား" ကဤသို့
ဆိုခဲ့လေသည်။

" Two things greater than all things are
one is love the other one is war. "

" လောကတွင် အရာခပ်သိမ်း တို့ထက် ကြီးမြတ်သော အရာနှစ်ခုမှာ
" အချစ်နှင့်စစ်" ဖြစ်၏တဲ့။

အချစ်ဆိုမှတော့ အလှနှင့်ကင်းပြီး စဉ်းစား၍မရနိုင်ပေ။ ဘာကြောင့်ပဲ
ချစ်ချစ် မိမိ၏ချစ်သူသည်သာ ကမ္ဘာမှာ အလှဆုံးဖြစ်သည်။ ထို့ကြောင့် လူတိုင်းက မိမိတို့၏မျက်နှာအား လှပအောင်
ဂရုစိုက်ကြသည်မှာ ဆန်းမည်ဟု မထင်ပေ။

adult-anger-angry-356147.jpg

မျက်နှာဆိုသည်မှာ လူ၏စိတ်ကိုဖက်နိုင်သော ပြတင်းပေါက်ဖြစ်သည်
ဟု ဆိုကြသလို မိမိပိုင်ဆိုင်ထားသော မျက်နှာသည် မိမိ၏ စိတ်အခြေနေကို TV ဖန်သားပြင်ကဲ့သို့ အခြားသူများကို မြင်စေနိုင်၏။ လူတစ်ယောက်၏ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊
ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း စသဖြင့် စိတ်ခံစားချက်များကို အဲ့ဒီလူ၏
မျက်နှာအား ကြည့်ပြီးအကဲခက်သိနိုင်သည်။ သို့ပေမဲ့ လူတွေ၏
မကောင်းသောစိတ်၊ မကောင်းသော အကြံစည်ကိုကား မျက်နှာကို
ကြည့်ပြီး အကဲခက်လို့မရနိုင်ပေ။ အကြောင်းမှာ သူတို့၏ မျက်နှာအား
အပြုံးများဖြင့် တန်ဆာဆင်ထားသောကြောင့် သူတို့၏ အတွင်းစိတ်ကို မသိနိုင်။
"နောက်ကျော ဓားနဲ့ထောက်မှ ဓားမြမှန်းသိ " ဆိုသလို
တချို့တချို့သော လူတွေဟာ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးရွှင်ရွှင်နှင့်
စကားကို သကာသုပ်ပြီး ပြောတက်ကြ၏။ ကိုယ့်နောက်ကွယ်မှာတော့ မကောင်းကြံစည်တက်ကြသည်။

" သင့်ကိုတိုက်ခိုက်နေသော ရန်သူထက် သင့်အနားမှာ
ဝိုင်ဝန်းမြှောက့်ပင့်နေသာ လူတွေကို ကြောက်ပါ "

စာအုပ်တစ်အုပ်ထဲတွင်ဖတ်ဖူးခဲ့သော သတိပေးစကားဖြစ်ပါသည်။
မည်သူပြောခဲ့သည်ဆိုတာကိုတော့ အတိကျမမှတ်မိတော့ပေ။
မိမိကို တိုက်ခက်နေသော ရန်သူကို မိမိကသိ၍ ကြိုတင်ကာကွယ်ခြင်း ပြုလုပ်နိုင်သော်လည်း၊ မိမိ၏အနားတွင်
ဝိုင်းဝန်းမြှောက်ပင့် ပြောဆိုနေကြသူများကိုတော့ ရန်သူလော၊
မိတ်ဆွေလော ခွဲခြားလို့ မရနိုင်ပေ။ ထိုကဲ့သို့ မိမိအားမြှောက်ပင့်
ပြောဆိုကြသူများသည် ဘောလီဘော ပုတ်သလိုမိမိအား
အမြင့်သို့ပို့သလိုလိုနှင့် အမြင့်ရောက်မှ အောက်ကို ပုတ်ချကြမည့်
သူများဖြစ်ကြသည်။

chairs-contemporary-design-967016.jpg

မည်သည့်လုပ်ငန်းခွင်မျိုးတွင်မဆို အပြုံးကိုတန်ဆာဆင်ပြီး
အတွင်းစိတ်ပုပ်ကြသူများကို အနည်းနဲ့အများ တွေ့ကြရမည်သာဖြစ်သည်။ ထို့ကြောင့် မိမိနှင့် နေ့စဉ်တဒူဝ ပေါင်းသင်းဆက်ဆံနေရသော လူများကို မိတ်ဆွေလော၊ ရန်သူလော
ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပေသည်။ မိမိဘေးနားတွင် ဝိုင်းဝန်းမြှောက်ပင့် နေသူများကို သတိထားပြီး မိတ်ဆွေစစ်ကို
ရှာဖွေပေါင်းသင်းတက်ကြနိုင်စေဖို့ ရည်ရွယ်၍ ဤ ဆောင်းပါးတိုလေးအား
တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

မိမိဘေးနားမှာ အပြုံးတွေဝေဝေဆာဆာနှင့် မြှောက်ပင့်ပြောဆိုလာလျှင် ထိုသူကို သတိထားဖို့လိုအပ်နေပြီဆိုသော

အတွေးတစ်ခု ၊ သတိတစ်ခု ရနိုင်ကြပါစေဗျာ...

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

Photos >>Pexels

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko

MSC no. 118