နောင်တ ခါးခါး
အပိုင်း (၁) ဖတ်ရန်- https://steemit.com/myanmar/@myanmarkoko/enangtkhakha
အပိုင်း (၂) ဖတ်ရန် -https://steemit.com/myanmar/@myanmarkoko/enangt-khakha
အပိုင်း (၃)
ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်မို့ အဒေါ်အပျိုကြီမအေးမွန်ရဲ့အိမ်မှာ ကပ်နေရင်း အေးမြတ်ဖြူ
တစ်ယောက် ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည်။ အေးမြတ်ဖြူ နာမည်နဲ့လိုက်အောင်
ရုပ်လေးက လှသပသ ရှိပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့
မိဘနှစ်ပါးဆုံးပါးသွားခဲ့ကြသည်မို့ လှပစွာ
ပွင့်လန်းခွင့် မရ ခဲ့တဲ့ ပန်းလေးတစ်ပွင့်
ဖြစ်ခဲ့ရပါသည်။
"ညည်းမလဲအေ…ယောကျာ်းရပြီဆိုတော့ အားကိုးရပြီး နင့်ဘ၀လေး တင့်တင့်တယ်တယ် ဖြစ်သွားပြီဆိုပြီး ငါ့မှာပီတိလေးဖြစ်ခဲ့ရတယ်။ အခုတော့
ရတဲ့ယောက်ျာ်းက အရက်သမား အလုပ်မရှိ အကိုင်မရှိ ကြားထဲလင်မယားချင်း စကားများရင်လက်က
ပါသေးတယ်။ နင့်လဲအေ…လင်ဆိုးမယားတဖာဖားကိုဖြစ်ရော။ ဒီလောက်ကိုယ့်ပေါ်မကောင်းတဲ့ယောကျာ်းကို ကွာလိုက်ပါအေ"…..။
အဒေါ်အပျိုကြီးမှ အေးမြတ်ဖြူကို ဂရုဏာသက်
စွာပြောလိုက်ခြင်းဖြစ်သည်။ အဒေါ်ပြောသလိုပဲ
ကွာရှင်းပစ်လိုက် ချင်ပါသည်။ စိတ်ချမ်းသာမှု
မရချင်နေပါ စိတ်မဆင်းရဲချင်တာတော့ အမှန်ပါ။ အခုတော့ နေ့တိုင်းမျက်ရည်နှင့်မျက်ခွက်။ တွေးလို့ပင်မဆုံးသေး သူမနာမည်ကို အော်ခေါ်သံကြားလိုက်ရ သူမမျက်လုံးများ ပြူးသွားသည်။
"အေး…ြ မြတ်…ြ ဖြူ…" ( အာလေးလျှာလေးသံဖြင့် )
ဒါဟိုအရက်သမား ဒိုးလုံးသံပဲ အဒေါ့်အိမ်ထိလိုက်လာပြီး ဘာပြသနာရှာမလို့လဲမသိ၊ အေးမြတ်ဖြူ သေချင်စော် နံသွားသည်။
"အေး…ြ မြတ်…ြ ဖြူ…ထွက်ခဲ့စမ်း….။
"အေးမြတ်ဖြူ မရှိဘူး…။ ရွာထဲ ဆန်သွားဝယ်ခိုင်းထားတယ်၊ ပြောစရာရှိရင်ငါ့ကိုပြောခဲ့။ နင့်မလဲအေ….တစ်နေကုန်သောက်စားမူးရူးနေတာ လူရုပ်ကိုမပေါက်တော့ဘူး။"
"ဘာ….ကျူပ်က လူရုပ်မပေါက်လို့ ဘာရုပ်ပေါက်ရမှာလဲ….ဒီမှာအပျိုကြီး စကားပြောတာဆင်ခြင်ပါ။ အေး…ြ မြတ်…ြ ဖြူ…ကျူပ်မိန်းမကို လာခေါ်တာ ခုသူ့ကိုထုတ်ပေးစမ်း…"
"မရှိဘူးလို့ ဘယ်နှစ်ခါပြောရမလဲ…. သွားငါ့အိမ်ရှေ့ကထွက်သွား…ကျက်သရေကိုမရှိဘူး။"
"ဟာရှုပ်ပါတယ် …ဖယ်စမ်းဗျာ"…။
ပြောပြောဆိုဆိုနှင့် အဒေါ်အပျိုကြီး မအေးမွန်ကို
တွန်းထုတ်လိုက်ပြီး ဒိုးလုံး အိမ်ထဲကို ၀င်ချလာသည်။ ထို့နောက် မျက်လုံးကို ဝေ့ကြည့်လိုက်ပြီး ချောင်းမှာကပ်ပုန်းနေသော အေးမြတ်ဖြူကို တွေ့သွားသည်။
အေးမြတ်ဖြူရဲ့လက်ကိုအတင်းဆွဲကာ အိမ်ထဲကဆွဲခေါ်ထုတ်တော့သည်။ ယောက်ျားအားကိုမယှဉ်သာကာ အေးမြတ်ဖြူ ဒရွတ်တိုက် ရုန်းရင်းဖယ်ရင်းနဲ့ပါသွားတော့သည်။
"လွက်ပါ… ရှင်နဲ့ပြန်မလိုက်နိုင်ဘူး….ရှင်နဲ့လည်းမပေါင်းနိုင်တော့ဘူး"
"ဘာပြောတယ် မင်းကငါနဲ့ မပေါင်းနိုင်တော့ဘူး ဟုတ်လား…"
"ရှင့်လို အရက်သမား အကြင်နာတရားမရှိတဲ့သူနဲ့ မပေါင်းနိုင်ဘူး"
"အေ….ငါကလည်း ပြက်ပြက်ပဲ မကွာပေးနိုင်ဘူး…လာငါနဲ့လိုက်ခဲ့"
ပြောရင်းဆိုရင်း အေးမြတ်ဖြူလက်ကို အတင်းဆွဲသည်။ ဘေးနားက ဒေါ်အေးမွန်က ဒိုလုံးကို တွန်းဖယ်
လိုက်ပြီး အေးမြတ်ရှေ့ကနေကာပြီး ပြောလိုက်
သည်။
"ဒိုးလုံး….အခုငါ့အိမ်ရှေ့ကထွက်သွားနော်၊ မသွားရင်…..အိမ်ကိုအမူးသမားလာပြီးသောင်းကျန်း
နေ တယ်ဆိုပြီး သူကြီးကိုတိုင်လိုက်ရင် နင်ထိတ်တုံးစာမိသွားမယ် "
"သူကြီး"ဆိုတဲ့သံလည်းကြားရော ဒိုးလုံးကြောက်သွားပုံရသည်၊ သူကြီးကရွာမှာ လူမှန်ကြီးဖြစ်သည်။တစ်ရွာလုံးက ချစ်ကြောက် ရိုသေကြသည်။
" အေး…..နင်မှတ်ထားနော်…အေး..မြတ်..ဖြူ … ငါ့လက်ထဲရောက်လာတဲ့နေ့ နင်စုတ်ပျက်သက်ပြီသာမှတ်ထားလိုက်တော့"
ထို့နောက် အေးမြတ်ဖြူကို လက်ညိုးငေါက်ငေါက် ထိုးကာ ဓားကြိမ်းကြိမ်းပြီး ဒယိုင်းဒယိုင်နဲ့ ထွက်သွားလေသည်။
အေးမြတ်ဖြူ အခုမှပဲ ဟင်း ချနိုင်တော့သည်။
အခုတော့ ဒိုးလုံးကိုယူခဲ့မိလို့ နောင်တ
အကြီးအကျယ်ရမိသည်။ ဒိုးလုံးနဲ့မယူခင်က တစ်ရွာလုံးက၀ိုင်းတားကြသည်၊ ဒီလိုဝိုင်းတားတဲ့ကြားထဲက အချစ်တစ်ခုတည်းနဲ့ ဘ၀တစ် ခုထူထောင်ဖို့ သူမ အချစ်ကို ကိုးကွယ်ခဲ့တော့။ အဲ့ဒီအချစ်ကပဲ သူမကိုထိခိုက်နာကျင်စေသည်။ သူမမှာအချစ်မရှိတော့၊ အမုန်းတရားနှင့် အကြောက်တရားတို့သာ
ရင်ထဲပြည့်နပ်နေတော့သည်။
ဒီလိုနှင့် တစ်ပက်ကြာလေပြီ။ အေးမြတ်ဖြူလည်း ပုံမှန်အလုပ်တွေပြန်လုပ်ရင်း ဒေါ်အေးမွန်အိမ်မှာသာနေသည်။ ငယ်ငယ်ကတည်းက ဒေါ်အေးမွန်ရဲ့အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းလာခဲ့တာဆိုတော့ မိခင်အရင်းလိုပဲ သဘောထားကာ ယခုပြန်လည် ပြုစုစောင့်ရှောက်ရင်း ငမူးဒိုးလုံးရန်ကို ရှောင်နေလိုက်သည်။
လေမုန်းတိုင်းတွေနောက်မှာ လေပြေညှင်းတွေကပ်ပါလာတက်စမြဲ ဆိုသလို အေးမြတ်ဖြူရဲ့ဘဝ
တောက်ပမဲ့အချိန်ကို ရောက်ရှိလာပါတော့သည်။
ဒီလိုနဲ့ တစ်ညနေခင်းမှာ အလုပ်ကပြန်တော့ သူမကိုဆိုင်ကယ်နဲ့တိုက်မိခဲ့တဲ့သူနဲ့ တိုက်တိုက်ဆိုင်ဆိုင်
ဆုံမိလေသည်။ တွေ့တွေ့ချင်းပင် ထိုဆိုင်ကယ်သမား က အနူးညွတ်တောင်းပန်ကာ၊ ထိုနေ့က
ချက်ချင်းလာပြီး တောင်းပန်ချင်ပေမဲ့ သူ့ရဲ့ဦးလေးက အစာအိမ်အချင် ပေါက်လို့ ဆေးရုံးလိုက်ပို့နေရ
ချင်းကြောင့် သူမဆီကိုလာပြီး
မတောင်းပန်နိုင်ခဲ့ကြောင်း ရေရေမွန်မွန် ပြောပြရှာ ပါသည်။ ထို့နောက် သူ့ရဲ့ဆိုင်ကယ်နှင့် သူမကို အိမ်ထိလိုက်ပို့ပေးလေသည်။ အိမ်ရောက်တော့ ဒေါ်အေးမွန် ကိုလည်း ဖြစ်ကြောင်းကုန်စင်ပြောပြကာ ရိုရိုကျိုးကျိုးတောင်းပန်ရှာလေသည်။ သူ့နာမည်မှာ
ဦးညွန့်မောင်ဖြစ် ကြောင်း၊ ပွဲစားဖြစ်ကြောင်း မရပ်မနားရှင်းပြကာ ဒေါ်အေးမွန်လက်ထဲ ငွေငါးသောင်း ထဲ့ပေးလေသည်။ ပထမတော့ ဒေါ်အေးမွန်က
လက်မခံ၊ ဦးညွန့်မောင်က အတင်းပေးတော့ အားနာပါးနာနှင့် လက်ခံလိုက်လေသည်။ ပြီးတော့
ငွေငါးသောင်းဆိုတာ ခုလိုတောရွာတကျေးမှာ မငြင်းသာနိုင်သော တန်ဖိုးဖြစ်လေသည်။
ဒီလိုနဲ့ ဦးညွန့်မောင်တစ်ယောက် အိမ်ကို
ချောင်းပေါက်မတက်လာလေတော့သည်။
ဒေါ်အေးမွန်နဲ့လည်း စကားကြောတည့်လှသည်။
အလယ်လာတိုင်းလည်း လက်ဆောင်ပစည်းများပါလာတက်သည်မို့ ကြည်ကြည်ဖြူ ဖြူ
လက်ခံစကားပြောတာလည်း ဖြစ်နိုင်ပါသည်။ ဒီလိုနဲ့ အိုးချင်းထားအိုးချင်း ညှိဆိုသလို ဦးညွန့်မောင်က
အေးမြတ်ဖြူပေါ်ကို မေတာသက်ဝင်လာကာ သားမက်မက် မယားမက်မက် ပေါင်းသင်းဖို့ ခွင့်ပန်လာပါတော့သည်။
"အေးမြတ်"
"ရှင်…."
"ဦးညွန့်လေ….ဟို ..ဟို…ပြောစရာရှိလို့"
"ြေ ပြောလေ…ဦးရဲ့"
"အေးမြတ်…ဦးညွန့်မောင်ကို လက်ထပ်နိုင်မလား"
"ရှင်…………….."
ကြိုမျှော်လင့်ထားသော စကားဖြစ်ပေမဲ့လည်း ဒီလိုမျိုးကြီး ချစ်ခွင့်မပန်ပဲနဲ့ လက်ထက်ခွင့် တောင်းလိမ့်မယ်လို့ မထင်ခဲ့မိပေ။
"ဟိုလေ…အဆင့်တွေကျော်ကုန်ပြီ ဦးရဲ့…. ချစ်ခွင့်တောင်မပန်ရသေးပဲနဲ့ "
"ဟာ…ဦးညွန့်က လူပျိုကြီးဆိုတော့ သွယ်ဝိုက်ပြီးမပြောတက်ဘူး ဒဲ့ပဲပြောတက်တယ် ပြီးတော့ ချစ်ကြောင်းကြိုက်ကြောင်းလည်း တစ်ခါမှပြောဖူးသာ မဟုတ်ဘူး။"
"ဟုတ်ပါပြီ…ဦးညွန့်မောင်လိုလူမျိုးကို အေးမြတ်ငြင်းစရာမရှိပါဘူး …………………………ဒါပေမဲ့ ( အေးမြတ်မွန်ဆက်မပြောနိုင်ပဲ အင်တင်တင်ဖြစ်နေသည် )"
"ဒါပေမဲ့ ဘာဖြစ်လဲ….ဆက်ပြောလေအေးမြတ်"။ ( ဦးညွန့်မောင်က စိတ်မရှည်နိုက်ပဲဖြစ်ပြောလိုက်သည်။ )
"ဒါပေမဲ့ အေးမြတ်က ဒိုးလုံးနဲ့မှ မကွာရှင်းရသေးတာ သူက ကွာရှင်းပေးမှာမဟုတ်ဘူး"
"အေးမြတ်ကသာ သေချာတယ်ဆိုရင် ဦးညွန့်ကိုလက်ထပ်မယ်ဆိုရင် ဒိုးလုံးကိစ္စ ဦးညွန့်တာဝန်ထား ။ ဦးညွန့် အားလုံးအဆင်ပြေအောင်လုပ်ပေးမယ် ဟုတ်ပြီလား။"
"ဟုတ်" လို့ အသံထွက်ပြီး အပြောပေမဲ့ အေးမြတ် အသာလေးခေါင်းကိုသာငြိမ့်လိုက်မိသည်။ ထို့်နောက်တွင်တော့ ရင်ထဲ လေးလေးပင်ပင်ကြီး ခံစားလိုက်ရသည်။ ပျော်ရမှာလား ၊ စိတ်ညစ်ရမှာ လားသူမသိ
တော့ပေ။ ဦးညွန့်မောင် နှင့် ဒိုးလုံးကို စိတ်ထဲက
နှိုင်းယှဉ်ကြည့်သည်။ ဦးညွန့်မောင်က
ပွဲစားတစ်ယောက်၊ အတော်အသင့် ချမ်းသာသလို လူကြီးလူကောင်းတစ်ယောက်လည်းဖြစ်သည်။
ပြီးတော့ အေးမြတ်သဘာ မပါပဲနဲ့ တစ်ခါမှ အခွင့်ရေးမယူဖူးဘူး။ သို့ပေမဲ့ ဒိုးလုံးကတော့ တစ်ချိန်လုံး မူးရူးသောက်စားနေတာ၊ အလုပ်မရှိ အကိုင်မရှိ၊
တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်၊ ဆန်ကုန်မြေလေး၊
ဒါပေသိ ဒိုးလုံးကို သူမအရမ်းချစ်ပါသည်။
ရူးခါနေအောင်ချစ်ခဲ့မိလို့ မူးခါနေအောင် သူမဘဝ
ဆင်းရဲတွင်းနက်ခဲ့ရသည်မဟုတ်ပါလား။ တော်ပါပြီ သူမအချစ်ကို ကြောက်သွားပါပြီ။
အပိုင်း (၄) ဆက်ရန်>>>
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Photos credit from googl image
Written by @kokomoehein
MSC no. 118