၂၀၁၈ MSC Gathering (သိမ်း)

လူစုံပြီဖြစ်သောကြောင့် အစည်းဝေး ကို စတင်ခဲ့ပါတယ်။ အခန်းနားမှုးအဖြစ် ဈဆရာတင်လှိုင်ဦး က တာ၀န်ယူခဲ့ပြီး မန်ဘာအယောက်စီတိုင်းကို မိမိ၏ခံစားချက်များနှင့် ဆွေးနွေးစရာရှိသည်များကို ပွင့်လင်းစွာ ပြောဆိုစေခဲ့ပါတယ်။ မန်ဘာအယောက်စီတိုင်းက မိမိ၏နာမည...

5 years ago, comments: 2, votes: 19, reward: $0.33

လူစုံပြီဖြစ်သောကြောင့် အစည်းဝေး
ကို စတင်ခဲ့ပါတယ်။ အခန်းနားမှုးအဖြစ် ဈဆရာတင်လှိုင်ဦး က တာ၀န်ယူခဲ့ပြီး မန်ဘာအယောက်စီတိုင်းကို မိမိ၏ခံစားချက်များနှင့် ဆွေးနွေးစရာရှိသည်များကို ပွင့်လင်းစွာ ပြောဆိုစေခဲ့ပါတယ်။ မန်ဘာအယောက်စီတိုင်းက မိမိ၏နာမည်ကို မိတ်ဆက်ကြပြီး အကြံပြုချက်များကို ပေးခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ကိုဟင်နရီမှMSC၏ရှေ့ဆက်လုပ်ဆောင်မည့်အရာများနှင့် ရည်းမှန်းချက်များကိုပြောခဲ့ပါတယ်။ ထိုအရာများထဲမှ ကျွန်တော်မှတ်မိသလောက်ကို ဖော်ပြပေးပါရစေ။

"အခုလို တစ်နှစ်ပြည့် MSC gathering ကိုလာရောက်ပေးတဲ့ MSC မန်ဘာတွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း အရင်ဆုံးပြောကြားပါရစေ။ ပထမဆုံး ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ စတီးမစ်ပေါ်မှာ စာတွေရေးကြတယ် ။ SBDတွေ၊ Steem
တွေရကြတယ်။ တစ်ချို့က Power up ကြတယ်၊ တစ်ချို့က ထုတ်ရောင်းစားကြတယ်။ ပြောချင်တာက အခုစာတွေရေးနေကြတယ်၊ ကြိုးစားပြီး ပိုစ့်တွေတင်နေကြတယ်ဆိုတာ နောက်လာမဲ့ကျွန်တော်တို့ရဲ့ မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ဖြစ်တယ်။ ဘယ်လို့လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံခြားသားတွေလို အရင်းအနှီးကို အများကြီးမသုံးနိုင်ကြဘူး ။ အဲ့တော့ ကျွန်တော်တို့မျိုးဆက်သစ်အတွက် ကျွန်တော်တို့က အနစ်နာခံပေးကြရမယ်။ ဘယ်လိုလဲဆိုရင် တစ်နေ့ ကျွန်တော်တို့တွေ အိမ်ထောင်တွေကျလို့ သားသမီးတွေရလာရင် ၊ မိမိရဲ့သားသမီးလေးတွေ ၈တန်း ၊ ၉တန်း စာဖတ်တက်တဲ့အရွယ်ရောက်လာရင် စတီးမစ်နဲ့ပေးတွေ့ပြီး စာတွေရေးခိုင်းပြီး စာတွေဖတ်ခိုင်းမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကြည့်လိုက်ပါ အပေါဆုံးက မူးယစ်ဆေးဝါး မှု တွေပဲ ၊ ဒီတော့ စာဖတ်တဲ့ လူငယ်၊ စာပေနဲ့ထိတွေ့ရတဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကနေ ကငျးေ၀းနိုငျမယျ။ စာဖတ်တဲ့ လူငယျတိုငျးကငျးေ၀းမယျလို့တော့ မဆိုလိုပါဘူး ၊ အနည်းဆုံးတော့ ၁၀၀ မွာ ၇၀ လောက်တော့ဖြစ်နိုင်လိမ့်မယ်။ အဲ ဒါတင်မကသေးဘူး သူတို့ရဲ့ကျောင်းစရိတ်ကိုလည်း သူတို့ကိုယ်တိုင် စာရေးရင်းရှာနိုင်လာလိမ့်မယ်။ အဲ့ဒီလို ကျောင်းစရိတ်ရှာနိုင်ဖို့ဆိုရင် သူ့ဆီမှာ လုံလောက်တဲ့ Steem Power ရှိဖို့လိုအပ်တယ်။ ကဲ. အဲ့ဒီအချိန်မှာသာ ကိုယ်က Steem Power မစုထားနိုင်ဘူး ရသမျှကို ထုတ်ရောင်းစားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့သားသမီးကို ဘယ်လိုမှ Steem Power ကို ခွဲဝေပေးနိုင်မှာမဟုတ်ဘူး ။ ဆိုတော့ အဲ့ဒီလိုမဖြစ်အောင် ကျွန်တော်တို့ တစ်လတစ်ခါ Power up ကြဖို့ တိုက်တွန်းနေကြရာတာဖြစ်တယ်။ ကျွန်တော်တို့အတွက်မဟုတ်ဘူး ခဗျားတို့အတွက် ပဲလုပ်ခိုင်းရတာဖြစ်တယ်။ ဆိုတော့ ခုန ကျွန်တော်ပြောတဲ့အစီစဉ်ကို အင်ဒို ၊ မေလး ၊ တို့မှာ စာသင်ကျောင်းမှာ စပြီးလုပ်ဆောင်နေကြပြီ
၊ ကျောင်းမှာ ၉တန်း ၊ ၁၀ တန်းတွေကို စတီးမစ်နဲ့ စတင်မိတ်ဆက်ပေးနေကြပြီ။ အခုကျွန်တော်တို့မြန်မာနိုင်ငံကတော့ ဒီအွန်လိုင်း currency ကို လက်မခံသေးဘူး ။ ဒီတော့ ကျွန်တော်တို့က မိမိကိုယ်တိုင်ကပဲ စီမံကိန်းတွေချပြီး လုပ်ဆောင်ကြရမယ်။

ဒုတိယ အချက်ကတော့ ကျွန်တော့်တို့ MSCအဖွဲ့ကြီးက အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီ။ ဒီတော့ တွေ့ကြဆုံကြ စကားတွေပြောကြ ဒီလောက်နဲ့ပဲ ပြီးမသွားစေချင်ဘူး ။ MSCပထမဆုံး ခြေလှမ်းလို့ ပြောရမဲ့ အရာတစ်ခုကိုလုပ်ချင်တယ်။ အဲ့ဒါကေတာ့ MSC မန်ဘာများရဲ့ စာမူ တစ်ပုဒ်စီကိုယူပြီး စာအုပ်ထုတ်ချင်တယ်။ အဲ့ဒီလိုစာအုပ်ထုတ်တဲ့အခါ မန်ဘာတွေက ကိုယ်အကြိုက်ဆုံးလို့ထင်တဲ့၊ ဟိုးအရင်ကတင်ခဲ့သမျှတွေထဲက ကို်ယ်အကောင်းဆုံးလို့ထင်တဲ့ မိမိရဲ့ ဆောင်းပါးတစ်ပုဒ်ကို ပေးပို့ကြရမှာဖြစ်တယ်။ ဒါပေမဲ့တစ်ခုတော့ ရှိတယ်။ မိမိရေးထားတဲ့စာကို မိမိကိုယ်တိုင်ကပဲ တာ၀န်ယူရမှာဖြစ်တယ်။ စာအုပ်ထုတ်ပြီးသွားလို့ ဖတ်သူလက်ထဲကို ဒီ MSC စာအုပ်လေးကို ရောက်သွားဖို့ကတော့ မန်ဘာတိုင်းက မိမိတို့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ကြော်ငြာနိုင်တယ်။ မိမိရဲ့ မိတ်ဆွေတွေကို "ဖတ်ကြည့်ပါ ကျွန်တော်တို့ရေးထားတဲ့စာအုပ်လေး" စသဖြင့် ပြောဆိုပြီး ရောင်းချနိုင်တယ်။ ဆိုတော့ ဒီစာအုပ်ထုတ်တဲ့အခါ ကုန်ကျစရိတ်ကို မန်ဘာတွေစီက မကောက်ခံဘူး။ MSC ဘက်ဂျက်ထဲကပဲ ထုတ်သုံးမယ်။ စာအုပ်ရောင်းလို့ ရလာတဲ့ပိုက်ဆံကိုလည်း ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ MSC ဘက်ဂျက်ထဲကို ထည့်မယ်။ ဒီတော့ ကျွန်တော်ပြောတဲ့အစီအစဉ်ကို ဖြစ်မြောက်အောင် အားလုံး ပူးပေါင်းပါ၀င်ပေးကြပါလို့ မတေ်တ်တာရပျခံခငြျပါတယျ။

အခု နောက်ဆုံးပြောချင်တာက ကျွန်တော်တို့ MSCအဖွဲ့ကြီးကို ၊ အဲ အဖွဲ့ကြီးတော့ မဟုတ်ဘူးပေါ့ ဘာလို့လဲဆိုတော့ အခုသေချာ ကြိုးစားပြီး လုပ်ဆောင်နေကြတဲ့ MSC မန်ဘာတွေက လေးဆယ်ကျော် ၊ ငါးဆယ် ဆိုတော့ အဖွဲ့လေးပေါ့။ ထားပါတော့ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော်တို့ MSC အဖွဲ့လေးကို မမြင်ရတဲ့ ကြိုး သေးသေးလေး တစ်ချောင်းနဲ့ ချည်ထားတယ်။ ဒီကြိုးကဘယ်အချိန်ထပျက်သွားမလဲ ဘယ်သူမှမသိနိုင်ဘူး။ ဒီတော့ အဲ့ဒီကြိုးလေးမပျက်အောင် - မန်ဘာများအားလုံး ၀ိုငျး၀နျးထိနျးသိမျးပေးကွပါလို့ မတေ်တ်တာခံရပျလိုကျရပါတယျဗြာ. ။"

နောက်ဆုံးအနေနဲ့ ဆရာတင်လှိုင်ဦးမှ မေးခှနျးတဈခုမေးပွီးအစညျးေ၀းကို အဆုံးသတ်ခဲ့ပါတယ် ။

မင်းတို့အား MSCကို ကြိုက်ရဲ့လား ..
ကြိုက်ပါတယ် ဆရာ
မင်းတို့အားလုံး MSCကို ချစ်ကော ချစ်ကြရဲ့လား
ချစ်ပါတယ် ဆရာ
အေ ကြိုက်တာက အချိန်မရွေး အလွယ်တကူ ပြောင်းလဲသွားနိုင်တယ်။ ချစ်တာကတော့
အဲ့လို အလွယ်တကူမပြောင်းလဲနိုင်ဘူး ။ ချစ်တဲ့စိတ်နဲ့ နားလည်ပေးနိုင်တယ်။ ခွင့်လွတ်ပေးနိုင်တယ်။ အဲ့တော့ မင်းတို့းအားလုံး MSCကိုချစ်ကြပါလို့ ဆရာ့ အနေနဲ့ အနူးညွတ်တောင်းဆိုရင်း အစည်းဝေး
ပြီးစီးကြောင်းကြေငြာ အပ်ပါတယ်.. ။

အားလုံးလက်ခုတ်သြဘာပေးကြကာ MSC အစည်းဝေးကို ရုပ်သိမ်းခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ အချင်းချင်းနှုတ်ဆက်ကြကာ ပြန်သူကပြန် ကျန်ရစ်သူက ကျန်ရစ်ကာ -တစ်နှစ်ပြည့် MSC gathering ပွဲကြီးဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတော့တယ်ဗျာ.

အချပ်ပို>>>
ကျွန်တော့်ကို MSC နဲ့မိတ်ဆက်ပေးခဲ့ပြီး စိတ်ရှည်လက်ရည်နဲ့ မသိတာတွေကို ပြောပြပေးခဲ့တဲ့ Gp-4 sub leader ကိုတင်ထွန်းနိုင်နဲ့ ဓာတ်ပုံတွဲမရိုက်ခဲ့ရလို့ စိတ်မကောင်းဘူး။

ကိုဂျွန်ရဲ့ Think, Plan, Do. စဉ်းစားပါ၊ အစီစဉ်စွဲပါ ၊ လုပ်ဆောင်ပါ ဆိုတဲ့ အဖိုးတန်စကားလက်ဆောင်လေးရရှိခဲ့ပါတယ်။

ကိုသက်ကတော့ခြံခက်ခံထားရတဲ့ ၀ကျပေါ့လေ၊ အလုပ်အရှုပ်ဆုံး။

ကိုဒိုမီလေးကတော့ ရင်ဘက်ချင်းနှီးတဲ့ ညီကိုတစ်ယောက်ပေါ့ ဒါနဲ့အပြန်မှာ အိပ်ငိုက်ပြီး ဆိုင်ကယ်စီးခဲ့ရတဲ့ ဖီးကဘယ်လိုလဲပြောပြပေးပါ။

စကားနဲ၏ ဘယ်ရွာကလည်း ဆိုသူကေတာ့ ငပြည့်ခေါ် ပြည့်စုံခင်ခင်။

ကျန်တဲ့ ဆုံတွေ့ခဲ့ရတဲ့ ညီကိုတွေအားလုံးကိုလည်း နှောင်နှစ် တောင်ကြီးမှာလုပ်မဲ့ Gathering မွာ ပြန်ဆုံချင်ပါသေးတယ်လို့ အားလုံးကို အစဉ်မြဲ သတိရနေပါမည်ဗျာ။။။

တက်စွမ်းသလောက် MSC Gathering ၏ပုံရိပ်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ အကယ်၍ တင်ပြပုံ လိုအပ်ချက်များရှိခဲ့ပါက MSC မှဆရာသမားများ နားလည်ခွင့်လွတ်ပေးကြပါရန် မတေ်တ်တာရပျခံအပျပါသညျခဗြာ

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

img_0.23567887995709141.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီ

KoKoMoeHein
@myanmarkoko