၁၉ ဇူလှိုင်

ကျွန်တော်သည် စာဖတ်ဝါသနာပါခဲ့သည်မှာ လွန်ခဲ့သော ၂နှစ်ခန့်ကဖြစ်ပါသည်။ ၂နှစ်ဆိုသော စာဖတ်သက်တမ်းမှာ နုနယ်သော မွေးကင်းစကလေးငယ်လိုပင်ဖြစ်သည်။ ခနခန လှဲကျတက်သော လှမ်းလျှောက်သင်စ ကလေးတစ်ယောက်လို လှဲကျချိန်မျိုးတွင် စိတ်ဓာတ်မကျပဲ စာအုပ်စာပေမှ ခွန်အားမျ...

5 years ago, comments: 2, votes: 14, reward: $0.27

ကျွန်တော်သည် စာဖတ်ဝါသနာပါခဲ့သည်မှာ လွန်ခဲ့သော ၂နှစ်ခန့်ကဖြစ်ပါသည်။ ၂နှစ်ဆိုသော စာဖတ်သက်တမ်းမှာ နုနယ်သော မွေးကင်းစကလေးငယ်လိုပင်ဖြစ်သည်။ ခနခန လှဲကျတက်သော လှမ်းလျှောက်သင်စ ကလေးတစ်ယောက်လို လှဲကျချိန်မျိုးတွင် စိတ်ဓာတ်မကျပဲ စာအုပ်စာပေမှ ခွန်အားများကို ရယူကာ ပြန်ပြန်ထနိုင်ခဲ့သည်။ ငယ်ငယ်တုန်းကတော့ စာအုပ်စာပေနှင့် အလှမျးေ၀းခဲ့ရသညျ။ ၂၀၁၂ ခုနှစ် လုပ်ငန်းခွင်ထဲ စတင်၀င်ရောက်ချိန်မှသာ ဆရာကောင်း၊ မိတ်ဆွေကောင်းများနှင့် တွေ့ဆုံခဲ့၍ စာဖတ်ခြင်းကို နှစ်သက်လာခဲ့ရသည်။ လူငယ်ဖြစ်သဖြင့် ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်း(တက်ကြမ်း) စာပေများကို ရွေးချယ်ဖတ်ရှူခဲ့သည်။ အထူးသဖြင့် လူငယ်စာရေးဆရာဖြစ်သော ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ၏ အောင်မြင်ရေးစာအုပ်များကို စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့သည်။

အခါအားလျော်စွာ အချိန်ရတိုင်း မန္တလေးမြို့နာရီစင် ဈေးချိုညဈေးတန်းတွင် တန်းစီကာချရောင်းထားသော စာအုပ်ပုံကို လှံလှောကာ ကြိုက်နှစ်သက်သော စာအုပ္မ်ားကို ၀ယျယူဖတျရှူဖွဈခဲ့သညျ။ တစ်ညနေတွင် ဈေးချို ညဈေးတန်းပက်ရင်း သပြေစာပေ " ဆိုပြီး ဆိုင်းပုဒ်လေးတွေ့လိုက်ရာ အမွတ္တမဲ့ ၀ငျကွည့ျမိပါတော့သညျ စာအုပ်ဆိုင်လေးမှာ အတော်အတန်ကျဉ်းလှ၍ ဆိုင်ရှေ့တွင် စင်လေးများထားကာ ချရောင်းထားရသည်။ ဆိုင်ကျဉ်းလေးထဲတွင် စာအုပ်များဖြင့်ပြည့်နေကာ လူသွားလမ်းလေးကိုတောင် တစ်ယောက်၀င်စာသာ ချန်ထားသည် ထိုမျှသေးငယ်သော စာအုပ်ဆိုင်လေးတစ်ဆိုင်ဖြစ်ပေသည်။

စာအုပ်များကိုတော့ သူ့အမျိုးအစားအလိုက် သပ်သပ်ရပ်ရပ် စီစီရီရီထားရှိသည်။ ကျွန်တော်လည်း တွေ့ရာမြင်ရာ စာအုပ်တိုင်းကို လိုက်မြည်းကြည့်၏။ ထို့နောက်စာအုပ်များကြားတွင် ထီးထီးကြီး ပြူးထွက်နေသော စာအုပ်ထူကြီးဆီသို့ ကျွန်တော်၏ အကြည့်ရောက်ရှိသွားသည်။ ကျွန်တော့်ကို ညို့ငင်လိုက်သော ထိုစာအုပ်ကြီး၏ နာမည်မှာ "စာရေးဆရာ ကိုအောင်းဆန်း" ဖြစ်သည်။ စာအုပ်အဖုံးကို အနီနှင့် အနက်ရောင် နှစ်မျိုးတည်းကိုသာသုံးပြီး ဗိုလ်ချုပ်အောင်းဆန်း၏ ပုံကို မပီမပြင် ရေးဆွဲထားသည်။ အနက်ရောင်သည် ၀မျးနညျးခွငျး ၊ စိတ်အားညိုးငယ်ခြင်းကို ဖော်ဆောင်သည်။ အနီရောင်ကား ရဲရင့်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ စူးရှခြင်းကိုပြသည်။ ၀မျးနညျးခွငျး ၊ ညိုးငယ်ခြင်း အနက်ရောင်ကြားမှ ရဲရဲနီအောင်ထင်းနေသော ဗိုလ်ချုပ်၏ ရုပ်ပုံသည် အားအပြည့် မာန်အပြည့်နိုင်လှသည်။ ထို့နောက်စာအုပ်၏ အနောက်ဖုံးကို ကြည့်မိရာ ကျွန်တော်မှာ ထိုစာအုပ္ကို မ၀ယ်ဘဲမနေနို်င်အောင် ဖြစ်သွားစေခဲ့ပါသည်။ ထူးထူးခြားခြားလှပသော ဒီဇိုင်းကြောင့်မဟုတ် အနက်ရောင်အောက်ခံထားပြီး အဖြူရောင်စာလုံးများဖြင့် ရေးသားထားသော စာကြောင့်ပင်ဖြစ်သည်။

"ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ၊
ယင်းမှောင်မိုက်အတွင်းမှနေ၍ အနိုင်မခံ၊ အရှူံးမပေးလိုသော ငါ့စိတ္ကို ဖန်ဆင်းပေးသူ
နတ် ၊ သိကြားတို့အား ငါသည်ကျေးဇူးစကားဆိုပါ၏။
လောကဓံတရား၏ လက်ခုတ်တွင်းသို့ ဘယ်လိုပင်ကြရောက်
စေကာမူ
ငါကားမတုန်လှုပ် ၊ မငိုကြွေး ၊ ကံတရား၏ ရိုက်ပုတ်ခြင်း
ဒဏ်ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။
သို့သော် ညွတ်ကားမညွတ်။
လောဘ၊ ဒေါသတို့၏ ကြီးစိုးရာဌာန၏ အျခားမဲ့ဍ္ကား
သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာငံ့လင့်နေ၏။
သို့ပင်မူ ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။
သုဂတိ သြားရာ တံခါး၀သည် မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ၊
ယမမင်း၏ ခွေးရေပုရပိုက်ဍ် ငါ၏အပြစ်တို့ကို
မည်မျှပင်ရေးမှတ်ထားသည်ဖြစ်စေ၊
ငါကား ဂရုမပြု၊
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်တော့၏။"

ထိုစာသားအားဖတ်ပြီးချိန်တွင် ကျွန်တော်ကြက်သီးပင်ထသွားသည်။ ထိုစာအုပ္ကို ၀ယျယူကာ တစ်၀ကြီးဖတ်မိလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မြင့်မြတ်သော စိတ်နေစိတ်ထားနှင့် မျိုးချစ်စိတ်ဓာတ်ကို လေးစားကြည်ညိုမိ၏။ ဗိုလ်ချုပ်သည် ပွင့်လင်း၏၊ ခက်ထန်ကြမ်းတမ်း၏၊ ပြောစရာရှိလျှင် တဲ့တိုးပြောတက်သည်ကို အောက်ပါအတိုင်း စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။

"ကျွန်တော်၏မိခင်သည် ဈေး၀ယ်သွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍စားမည်ပြုသည်ဟု ကျွန်တော့်မိခင်
ပြန်ပြောပြ၍သိရပေသည်။ လူရိုင်းဘ၀က လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုးနေချင်သည့် စိတ်ထားများရှိသည်။ရံဖန်ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။
မျက်စိနောက်မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကားကြမ်း၏၊ ခက်ထန်၏၊ သို့သော် ဖြောင့်ဖြူး၏၊
တည်ကြည်၏၊ လွတ်လပ်၏၊ ကျန်းမာ၏၊ သန်စွမ်း၏။
ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက် ဆိုသည်ကို
ကျွန်တော်ကြိုက်၏။ ကျွန်တော်၏ စိတ်တွင် အင်မတန်စိုပြေလတ်ဆတ်သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိသည့်လူသည် လူရိုင်းမျိုးဘ၀ရောက်ချင်ရောက်သွားပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နိုင်မည်ဆိုလျှင် မလွတ်လပ်သော
လူ့ယဉ်ကျေးဘ၀ထက် ကျွန်တော် အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်းစိုပြေကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခက်၍ လွတ်လွတ်လပ်လပ် မြူးတူးအော်ဟစ်လိုသည်။"

ဟု ဗိုလ်ချုပ်သည် သူ၏ အတွင်းစိတ်ကို ပွင့်လင်းစွာချပြထားသည်။ ဗိုလ်ချုပ်၏စိတ်သည် တကယ္ကို လွတ်လပ်သော စိတ်၊ လူပီသေသာ စိတ်ဓာတ်ဖြစ်သည်။ ကျွန်တော်၏ပတ်၀န်းကျင်တွင် ထိုကဲ့သို့သော လွတ်လပ်သောစိတ်မရှိ။ အတွင်းစိတ်ကို အများမမြင်အောင် အတင်းဖုံးဖိထားကြသော လူမျိုးများသာရှိသည်။ ထိုသို့စဉ်းစားမိ၍ ကျွန်တော့်စိတ်တွင် ဟန်ဆောင်
ဖုံးကွယ်ထားရခြင်းကို ငြီးငွေ့လာသည်။ ပင်ပန်းလာသည်။
ဗိုလ်ချုပ်လို လွတ်လပ်သော လူပီသေသာ စိတ်ဓာတ်မျိုးကို
ကျွန်တော်ငက်မွတ်တက်လာသည်။ဤစာအုပ်မှ
ဗိုလ်ချုပ်အောင်းဆန်း၏ အတ်တ်တုပ်ပတ်တိ မ်ားကို ဖတ်ပြီးသိမြင်လိုက်ရချိန်တွင် ကျွန့်တော်စိတ်တွင်အားရနှစ်ထောင်းလှသည်။
ကျွန်တော်စိတ်ဓာတ်ကျချိန်တိုင်းတွင် ဤစာအုပ်မှပေးသော (သို့မဟုတ်) သူမှပေးသော ခွန်းအားဖြင့် ကျွန်တော့်စိတ်များ
ပြန်လည်လန်းဆန်းလာခဲ့ရပေသည်။ နောင်ရှေ့ဆက်
လျှောက်ရမည့် ဘ၀ခရီးလမ်းကြမ်းတွင် ဤ စာအုပ်သည်
ကျွန်တော်နှင့်အတူ ဆက်လက်တိုက်ပွဲ၀င်နေပါအုံးမည်။
ကျွန်တော့်အတွက် အစဉ်အမြဲ လမ်းပြသဖွယ်
ရှိနေပါတော့မည်ဖြစ်သည်။

ဤ​ဆောင်းပါးသည် Steemit တွင်တင်ခဲ့ခြင်းဖြစ်ပါသည်။
Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင်
Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်။

အာဇာနည်နေ့ ၁၉ ဇူလှိုင် ကိုအောက်မေ့သတိရခြင်းအားဖြင့် ဤဆောင်းပါးတိုလေးကို ပြန်လည်တင်လိုက်ရပါသည်။

ပြည်တန်တဲ့ ပတ္တမြားဆိုတာ
နတ်မောက်သား ကိုအောင်ဆန်းပါ
ဒါကိုပျောက်ရှအောင်လုပ်ခဲ့တာ
သောကဇာတ်ဝင်ခန်းရဲ့
အစေပါ့....
( မောင်သာချို)

" ဆန်း "
မြန်မာပြည်မှာ " ဆန်း " တွေ
မွေးဖွားဦးမယ်
နေမဝင် " ဆန်း " တွေ...
(မောင်သင်းပန်)

သေတယ်
မေသဘူး
ရှင်တယ် - ထပ်ပြီးရှင်တယ် - ထပ်ထပ်ပြီးရှင်တယ် -
ထပ်ထပ်ပြီးတော့ရှင်တယ် ဘယ်တော့မှမသေဘူး...
(မောင်ကြည်သာ - တောင်တွင်း)

ရာစုတစ်ခုပြီးသွားရင် နောင်ရာစုအထိဆက်ပြီး
ဦးညွတ်နေရမဲ့ သူရဲကောင်းကြီးတစ်ဦးပါ။
(နေစိမ့်)

ဖတ်ရှူပေးပါသော စာဖတ္သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

မှက်ချက်။
ကြမ်းကိုး >>> စာရေးဆရာ ကိုအောင်ဆန်း(၁၉၁၅-၁၉၄၇)

temp_profile_image5862865305249374318.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein@myanmarkoko