ဝါသနာနှင့် အလုပ်
လူတိုင်းလူတိုင်းတွင် ၀ါသနာကိုယ်စီရှိကြမည်ဖြစ်သည်။ ၀ါသနာဆိုသည်မှာ ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကို အမြဲတမ်းဖြည့်စွမ်းပေးနိုင်သော အလုပ်တစ်ခုဖြစ်သည်ဟု ကျွန်တော်သတ်မှတ်ထားသည်။ စာဖတ်သူတို့ရဲ့ ၀ါသနာအပေါ် နားလည်ထားပုံနှင့် တူချင်မှတူပေလိမ့်မည်။ မည်သို့ဆိုစေ စာဖတ်သူတို့၏ခံယူချက်ဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။
ဝါသနာဟုဆိုရာတွင် နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါသည်။
(၁) မွေးရာပါ ၀ါသနာ
(၂) ပတ်ဝန်းကျင်က ရိုက်သွင်းပေးခြင်းခံရသော ၀ါသနာ တို့ဖြစ်ပါသည်။
ဤ၀ါသနာ ၂ ခု၏ အဓိပ္ပာယ်ကို ရှင်းလင်းရန်မလိုတော့ပေ။ ကျွန်တော့်၏မွေးရာပါဝါသနာမှာ ပန်းချီဆွဲခြင်းဖြစ်ပါသည်။ ပန်းချီဟုဆိုရာတွင်လည်း တောတောင်သဘာဝရှူခင်းများကို ရေးဆွဲရသည်ကို ပို၍နှစ်ခြိုက်ပါသည်။ ငယ်ရွယ်စဉ်ချိန်ခါက ပန်းချီများကို အားလျှင်အားသလိုရေးဆွဲခဲ့ပါသည်။ သို့သော် ယခုချိန်တွင် လုပ်ငန်းခွင်ထဲရောက်လာသဖြင့် အားလပ်ချိန်အများအပြားမရှိသောကြောင့် မရေးဆွဲဖြစ်တော့ပေ။
ကျွန်တော့်၏ ပတ်ဝန်းကျင်မှရိုက်သွင်းခြင်းခံရသော ၀ါသနာမှာ ဂစ်တာတီးခြင်းဖြစ်ပါသည်။ ကျွန်တော်၏လူငယ်ဘ၀ ပြင်ဦးလွင်မြို့လေးတွင်နေထိုင်ခဲ့စဉ်ကဖြစ်သည်။ အေးချမ်းသော ဒီဇင်ဘာဆောင်းညတစ်ညတွင် ခရစ်ဘာသာဝင်များ စုပေါင်းကာ ကယ်တော်စင်း ထွက်ပြီးကျွန်တော်တို့အိမ်ကိုရောက်လာခဲ့ပါသည်။ သူတို့သီဆိုသော သီချင်းကိုနားမလည်ပေမဲ့ ဂစ်တာသံလေးနဲ့ ပေါင်းစပ်လိုက်သောအခါ သာယာနာပျော်ဖွယ်ကောင်းလှပါသည်။
ထိုအချိန်မှသာ ဂစ်တာဆိုတာကို မြင်ဖူးခဲ့ပြီး ဂစ်တာသီးသင်ကာ လူငယ်ဘ၀ကို သံစဉ်များဖြင့် ဖြတ်သန်းခဲ့ပါသည်။ ယခုချိန်လုပ်ငန်းခွင်ထဲရောက်ချိန်တွင်တော့ ဂစ်တာမတီးဖြစ်တော့ပေ။ ၀မ်းစာအတွက် အလုပ်လုပ်နေရသည်ကိုး။
ဆက်ရန် >>>
Photo by @myanmarkoko
ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
MSC no. 118